13.

1.4K 179 30
                                    

[Zawgyi]

"ဖျားနေတာကို .. အပြင်တွေလျှောက်ထွက်နေတာလား "

ဂျုံအင်ကိုအိမ်ကိုချီခေါ်လာပြီး ရေဝတ်တင်ပေးနေတုန်းနိုးလာတာမို့ ဆယ်ဟွန်းဆူလိုက်မိသည်။ဒါဟာ စိုးရိမ်ဒေါသဆိုတာ ဂျုံအင်သိပါစေ။အွန်ဘီနဲ့လမ်းခွဲပြီး ကော်ဖီဆိုင်ကအထွက် ဆယ်ဟွန်း ရင်ခွင်ထဲပြုတ်ကျလာပြန်တဲ့ကောင်လေးဟာ အသားတွေပူကျစ်ပြီးဖျားနေသည်မှာ မျက်နှာတွေတောင်နီရဲနေသည်။ဒါတောင်ဟိုကောင်လေးနဲ့ ကော်ဖီဆိုင်ကိုရောက်နေသေးသည်။

"မဟုတ်ပါဘူး .. အဖျားကပျောက်ပြီမို့ပါ "

"ပျောက်လည်း အပြင်တွေလျှောက်မထွက်နဲ့လေ .. အိမ်နဲ့ဝေးတာကို "
ဒီကောင်လေးက ဆေးရုံခဏခဏရောက်တတ်တာ ဆယ်ဟွန်းသိတာမို့ ကိုယ်နဲ့အတူနေတော့မယ့်တစ်လျှောက်တော့ဆေးရုံမရောက်စေချင်ပါ။မချစ်လည်း ဒီညီလေးကိုဂရုစိုက်ရမယ်မလား။အခုလည်းပြောတော့ ခေါင်းကိုငုံ့ကာငိုတော့မယ့်ပုံနဲ့ထိုင်နေသည်။

"ဘယ်ကတည်းကဖျားတာလဲ ဟင် "

ကုတင်ပေါ်ထိုင်နေတဲ့ဂျုံအင်ရဲ့ဆံပင်လေးကိုဖွပေးနေရင် အဖျားစမ်းတော့ အရမ်းတော့မပူတော့။၂နာရီလောက်ရေဝတ်တင်ပေးနေလိုက်တာ အဖျားတော့ကျသွားသားဘဲ။

"အစ်ကိုဆယ်ဟွန်းတို့ အိမ်ကနေထမင်းစားပြန်သွားကတည်းက "

"ဂရုစိုက်မှာပေါ့ကွာ .. မနေ့ကရော ကျောင်းသွားလား .. အန်တီ ယွန်ဟီးတို့က ဂရုမစိုက်ပေးဘူးလား "

"ဖေဖေက မနေ့ကတည်းက ခရီးထွက်သွားတာ မေမေက ကျွန်တော်ဖျားနေတာ မသိဘူးထင်တယ် .. ကျွန်တော်လည်းစာတွေနောက်ကျနေတော့ မသွားလို့မဖြစ်တာနဲ့ "

ခပ်တိုးတိုးဖြေလာတဲ့ ဂျုံအင်စကားတွေကြောင့် ဆယ်ဟွန်း ဂျုံအင်ကိုအရမ်းသနားသွားရသည်။အန်တီယွန်ဟီးက ကျွန်တော့်ကိုမကျေနပ်တာနဲ့ဘဲ ဂျုံအင်ကိုဂရုမစိုက်တော့ဘူး။ဟုတ်ပါတယ်လေ .. အစကတည်းကမုန်းပါတယ်ဆိုနေမှ သူ့သားက ကျွန်တော့်ကိုချစ်ပါတယ်၊လက်ထပ်ပါမယ် ပြောတော့သူလည်းဘယ်စိတ်ကောင်းပါ့မလဲ။

"အင်း .. ဂရုစိုက်နော် .. မင်္ဂလာပွဲက နောက်သုံးရက်နေရင်ရောက်တော့မှာ .. သူငယ်ချင်းတွေဖိတ်ဦးမလား .. ဂျုံအင် "

The Day We Meet AgainWhere stories live. Discover now