Final

2.7K 188 75
                                    

[Zawgyi]

ဒီနေ့ ပထမဆုံးနှင်းကျမယ်လို့ကြေညာထားတာမို့ ညစာစားပြီးတာနဲ့ မေမေတို့နဲ့ TV ထိုင်ကြည့်မနေတော့ဘဲ အနွေးထည်ထူထူဝတ်ပြီး ဝရံတာမှာ ရပ်နေမိသည်။ပထမဆုံးနှင်းကျတာကိုစောင့်ကြည့်ရတာတစ်ကယ်ကြိုက်သည်။

"Nini "

ခါးနားကိုထိန်းကိုင်လာပြီး နားထဲလေမှုတ်ပြီးခေါ်လိုက်တဲ့ကိုကို့ကြောင့် ဂျုံအင် ကိုကို့ဆီကိုအမြန်လှည့်လိုက်သည်။ကျွန်တော်ကသာ မောင်လို့ပြောင်းမခေါ်ဘဲ ကိုကိုဟုအမြဲခေါ်နေတတ်တာ။ကိုကိုကတော့ တစ်ခါမှ Nini လို့ယောင်လို့တောင်မခေါ်။ကလေးငယ်လို့သာခေါ်တတ်သည်။

ဂျုံအင်နဖူးကိုဖိကပ်ပြီးအကြာကြီးနမ်းနေတဲ့ ကိုကို့ကြောင့် ဂျုံအင်ရုန်းလိုက်သည်။

"ကိုကို .. ခုနက ကျွန်တော့်ကိုဘယ်လိုခေါ်တာ ? "

" Nini လို့ခေါ်လိုက်တာလေ .. အဆိုးလေးရဲ့ .. ဘာလဲ မကြိုက်ဘူးလား .. ကိုယ်က ကလေးငယ်လို့ဘဲဆက်ခေါ်ပေးရမှာလား "

"ကိုကို !! "

ဂျုံအင်ကိုကို့ရင်ခွင်ထဲတိုးဝင်ပြီးအော်ငိုမိလိုက်သည်။နောက်ဆုံးတော့ ကိုကို ကျွန်တော့်ကိုပြန်မှတ်မိခဲ့ပြီ။ဂျုံအင်ကျောပြင်ကိုဖွဖွပွတ်သပ်လာပြီးဆံပင်တွေထဲအနမ်းပေးလာတာကအစ ကိုကို့အငွေ့အသက်တွေ။

"အကြာကြီး သတိမေ့နေခဲ့လို့တောင်းပန်ပါတယ် .. နောက်ထပ်မမေ့သွားစေရဘူးလို့ကတိပေးပါတယ် "

"ဟင့်အင်း .. နောက်ထပ် မခိုက်မိစေရဘူးလို့ဘဲ ကတိပေး "

ဂျုံအင်ငိုရင်းငြင်းဆန်လိုက်သည်။နောက်ထပ် မတော်တဆမှုတွေထပ်ဖြစ်နေရင်ကျွန်တော့်ရင်တွေကျိုးကြေရလိမ့်မည်။

"အင်း ပေးတယ်နော် .. ကိုယ် ကတိပေးတယ် .. အိုက်ဂူးး .. တိတ်ပါတော့ .. ပျော်ရမှာလေ မဟုတ်ဘူးလား .. မငိုနဲ့တော့လေ "

ဂျုံအင်မျက်ရည်တွေကိုသုတ်ပေးနေတဲ့ ကိုကို့ကိုပြုံးသာကြည့်မိသည်။အခုမှတကယ် နှလုံးသားချင်းနီးသလိုခံစားရသည်။

"ကိုကို .. ဘယ်လိုပြန်မှတ်မိ "

"ဟော .. နှင်းကျလာပြီ .. ဆုတောင်းကြမယ် "

The Day We Meet AgainWhere stories live. Discover now