25.

1.5K 166 69
                                    

[Zawgyi]

"ဆရာအိုဆယ်ဟွန်းအိမ်လားခင်ဗျ "

"ဟုတ်ပါတယ် .. ဘာကိစ္စရှိလို့လဲ "

ဂျွန်မြောင်မိမိရှေ့မှာရပ်ပြီးတရိုတသေမေးနေသော ကောင်လေးကိုပြုံးကြည့်ရင်းပြန်မေးလိုက်သည်။ထိုကောင်လေးက ခဏကြောင်သွားပြီးမှ ပါးချိုင့်လေးတွေပေါ်အောင်ပြန်ရယ်ပြလာသည်။

"ကျွန်တော်က ကျန်းရီရှင်းပါ ... ဂျယ်ဂျူ သွားရမှာမို့ ဆရာကလာခိုင်းလို့ပါ .. "

"အစ်ကို ရီရှင်းကိုပေးဝင်လိုက်ရတယ် ..ရီရှင်းထိုင်ဦး "

"ဟုတ်ကဲ့ ဆရာ "

ဆယ်ဟွန်းက မနက်စာပြင်နေရာကနေ လှမ်းပြောသည်မို့ ဂျွန်မြောင်တံခါးကိုအကျယ်ကြီးဖွင့်ပေးလိုက်သည်။

"ကျေးဇူးပါ "

စကားသံဝဲဝဲနှင့်တရုတ်ကောင်လေးက ဂျွန်မြောင်ထက်ငယ်မယ့်ပုံပေါက်ပြီး ကြည့်ကောင်းတာတော့အမှန်ပင်။

"ထိုင်ဦးနော် .. အစ်ကို ကျောင်းသွားရမှာမို့ .. "

"ဟုတ်ကဲ့ "

ရီရှင်းကိုဧည့်ခန်းမှာနေရာချပေးပြီး အခန်းထဲပြန်ဝင်ကာကျောင်းသွားဖို့ပြင်ဆင်ရသည်။ဂျွန်မြောင်ကိုယ်တိုင်တောင်သတိမထားမိပါဘဲ အပြုံးနုနုနဲ့ ပါးချိုင့်တွေအကြောင်းတွေးမိပြီး ခဏခဏပြုံးနေမိတော့သည်။

•~•

"အသည်းလေး .. ထတော့ "

ကုတင်ပေါ်မှာစောင်တွေနဲ့လုံးထွေးနေတဲ့ ဂျုံအင်ရဲ့ နှုတ်ခမ်းထူထူကိုဖိကပ်နမ်းရင်း နှိုးလိုက်သည်။တစ်ခဏတော့လူးလွန့်သွားပေမယ့် တစ်ဖက်လှည့်ကာပြန်အိပ်သွားသည်။လှည့်သွားတဲ့ဖက်ကိုသွားပြီးကြည့်မိတော့ပါးတစ်ဖက်ကခေါင်းအုံးထဲနစ်ဝင်ပြီးနှုတ်ခမ်းလေးကတော့ ပိုထော်နေသည်။ဆယ်ဟွန်းပင်အကုန်ပြင်ဆင်ပြီး မနက်စာပါပြင်ပြီးသွားပြီမို့ ဒီအဆိုးလေးကိုမနှိုး၍မရတော့။နောက်ကျတော့မည်။ဧည့်ခန်းထဲမှာရောက်နေပြီဖြစ်တဲ့ ရီရှင်းကိုရော အားနာတာမို့ ဆူထော်နေတဲ့နှုတ်ခမ်းလေးကိုအချိန်ကြာဆွဲနမ်းနေလိုက်သည်။ဒီလိုမှမနှိုးရင် မထမှာစိုးလို့ပါ။အသားယူတယ်လို့တော့မထင်စေချင်။

The Day We Meet AgainWhere stories live. Discover now