အပိုင်း(၃)

4.8K 538 20
                                    

အပိုင်း(၃)

မြက်ခင်းပြင်ကျယ်တွင် မြင်ခင်းပြင်ကိုထိန်းသိမ်းရေးလုပ်နေကြသည့် အလုပ်သမားတစ်စုကို မယ်မယ် Pensri က ကော်ဖီတစ်ခွက်ဖြင့် ထိုင်ကြည့်နေကြသည်။ကြီးမားသော ထီးကြီးမိုးထားလျက် ဘေးနားတွင်လည်း အခြွေအရံတစ်ချို့ ဝန်းရံလျက် မယ်မယ် သည် ထုံးစံအတိုင်းထည်ထည်ဝါဝါ။ Chanchai တစ်ချက်လှမ်းကြည့်ရင်း လျှောက်လာခဲ့သည်။သူ့ကိုမြင်တော့ အစေခံမလေးများက ခေါင်းညွှတ်အရိုအသေပေးသည်။ သူ Pensri ဘေးက ခုံလွတ်တစ်ခု တွင် ဝင်ထိုင်လိုက်သည်။

"ဘယ်လိုလဲ Chakrii သတင်းရတယ်လား။"

"ရပါတယ် မမ .။ခု ကိုရီးယား မှာရှိနေပါတယ်။ စံအိမ်တော်ပြန်လာဖို့ကိုတော့ ငြင်းဆိုပါတယ် "

ကော်ဖီခွက်ကိုဆုပ်ကိုင်ထားသည့် မယ်မယ့် လက်တွေတင်းခနဲဖြစ်သွားသည်။ဒီကောင်လေးက ဘယ်လောက်တောင်ခေါင်း မာနေမှာပါလိမ့်။ သွားချင်သည့်နိုင်ငံတွေသွား.။နေချင်သည့်နေရာတွင်နေကာ စံအိမ်တော်ကို ပြန်မလာတာ တစ်နှစ်နီးပါးရှိခဲ့ ပြီ။

"လွှတ်ထားပေးလိုက်ရင်ကောင်းမယ်ထင်ပါတယ် မမရာ။သူ အိမ်နဲ့အဆက်အသွယ်ပြတ်နေတာလည်းမဟုတ်ဘူးလေ.။Arthit နဲ့ဆို တစ်ပတ်တစ်ခါနီးပါးအဆက်အသွယ်ရှိကြတယ်။သူ ပျော်သလောက်နေပါစေ "

"မဟုတ်သေးဘူးလေ.ဘယ်အချိန်ထိ ဒီလိုနေ မှာလဲ. မမ ပြောချင်တာက ဖြစ်ပြီးတာတွေလည်းဖြစ်ပြီးနေပြီ။ စံအိမ်တော်ကို အေးအေးဆေးဆေးပြန်လာပြီး Arthit နဲ့အတူလုပ်ငန်းတွေကိုဦးစီးလုပ်ကိုင်သင့်နေပြီမလား.။ ကျွတ်--သူ က သားကြီးလေ ကွာ."

Chanchai နားထောင်ခြင်းအမှုသာပြုလျက် စားပွဲဝိုင်းဖြူပုပုလေးပေါ်မှ ပေါင်မုန့်ချပ်တွေစားနေလိုက်သည်။ ဖြစ်ပြီးတာ တွေဖြစ်ပြီး ခြင်းက ပျောက်ကွယ်သွားသည်ဟု မဆိုလို။လူတိုင်းရင်မှာက ဒဏ်ရာတွေကျန်ခဲ့တာချည်းပဲလေ။

"ဟင်း ထားပါတော့. သူ အေးအေးဆေးဆေးရှိနေရင်လည်း..ဒါနဲ့ သားငယ်ရော မနက်ကတည်းက မတွေ့ဘူး.။ဘယ်သွားသလဲ မင်းသိလား Chanchai."

"အာ မမ မသိဘူးလား။ ကုမ္ပဏီက မြို့ပြင် အထွက်နားကရွာလေးတွေမှာ ပရဟိတ သွားလုပ်ကြတယ်လေ.။မိဘမဲ့ဂေဟာတွေ မှာ ပစ္စည်းကိရိယာတွေလှူတယ်။ သန့်ရှင်းရေးလုပ်ကြမယ်တဲ့.။"

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now