အပိုင်း-၁၅

4.4K 532 78
                                    

အပိုင်း-၁၅

တိုက်အိမ်ကျယ်ကြီး၏အတွင်းဘက်မှာပင် ထည့်သွင်းဆောက်လုပ်ထားသည့်ရေကူးကန်ဘေးမှာ Kongpob ရှိနေသည်။ ကျောမှီခုံတန်းမှာ ပြေလျော့စွာမှီလျက် bathrobe ကလည်းရင်ဘတ်ဟောင်းလောင်း.။ဘေးကစားပွဲဝိုင်းပုလေးတွင်က ဘယ်နှစ်လိပ်တောင် ရှိနေပြီမှန်းမသိသည့် ဆေးလိပ်တိုတွေပြည့်နှက်နေသည့် ဆေးလိပ်ခွက်ရယ်.ဝိုင်ခပ်ပြင်းပြင်း တစ်ပုလင်းရယ်။ ငြိမ်သက်နေသည့်ရေကူးကန် ရေပြင်ကိုကြည့်ကာ Kongpob မျက်လုံးတွေက အသက်မပါ။

“ဒီလိုတွေလုပ်လိုက်ရတော့ နင်ပျော်တယ်လား Kong.”

Mai က ဘေးက ခုံတန်းမှာ ဝင်ထိုင်လိုက်သည်။ သူမဘက်ကိုတော့ Kongpob ကစောင်းငဲ့ကြည့်မလာ.။

“ပျော်တာပေါ့.။ ငါ့ အမအတွက်လက်စားချေနိုင်လိုက်ပြီပဲ.။ငါ့အမရဲ့ အရှက်သိက္ခာ.ငါ့အမေရဲ့ နာကျင်ခံစားမှု..အားလုံး ငါပြန်ယူလိုက်နိုင်ပြီလေ။ မနေ့က အဲ့ဒီမယ်မယ်ဆိုသူရဲ့မျက်နှာကိုမတွေ့ဘူးလား အဟက်ဟက်--ခုချိန်ထိ သွေးတက်နေလောက်သေးတယ်။သတင်းတွေက ဒီအကြောင်းတွေပဲကို.”

“အဲ့ဒါတွေထားပါ။ ခုနေ အနာကျင်ရဆုံးသူကဘယ်သူဖြစ်မယ်ထင်သလဲ .နင်သေချာပေါက်သိမယ်ထင်တယ်။”

Kongpob နှုတ်ခမ်းတွေကပြုံးနေသော်ငြား မျက်လုံးတို့က ညှို့မှို်င်းနေသည်။သို့သော် ဖြတ်ခနဲပြင်ဆင်လိုက်သော နားမလည်ခြင်း တွေလွှမ်းသည့်မျက်ဝန်းရိပ်ဖြင့် Mai ဘက်ကိုလှည့်ကြည့်လာကာ-

“သိတာပေါ့ စံအိမ်တော်က မယ်မယ်လေ.။”

“ကျွတ်--နင်သိရဲ့သားနဲ့ Kong ရယ်.။မမ Nanyi လက်ထပ်ပွဲပျက်တုန်းကပြောစရာစကားမရှိအောင် နာကျင်ခံစားရတယ်ဆိုတာ နင်လည်းသိတယ်နော်။ ခုလည်း အဲ့လိုပဲလေ. နင်ဖျက်ခဲ့တဲ့ လက်ထပ်ပွဲကြောင့် မမ Nanyi နည်းတူ.သူလည်း နာကျင်ခံစားရလိမ့်မယ်။ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ချစ်မိပြီးပြီဆို.. ခံစားရတာချင်းတူတူပါပဲ.။နင် ဒီလောက်ထိ လုပ်ခဲ့လိမ့်မယ်လို့ငါမထင်မိဘူး။ငါ တရုတ်ကို ပြန်နေတုန်းခဏကို..နင်တကယ်ပဲ.။နင် သူ့ကို မသနားဘူးလားဟင်.သူ့မှာ အပြစ်ရှိသလား”

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now