အပိုင်း ၂၂

5K 525 60
                                    

အပိုင်း-၂၂

“စိတ်မကောင်းပါဘူး.”

ခွဲစိတ်ခန်းထဲက ထွက်လာသည့်ဆရာဝန်ကြီး၏ စကားကို သူ နားလည်နေပါလျက် အနက်မဖွင့်လိုသလို ခေါင်းခါသည်။ဘာကို စိတ်မကောင်းတာလဲ။ဘယ်သူ့အတွက် စိတ်မကောင်းတာလဲ။

“ခဏလေး ဒေါက်တာ ကျွန်တော် နားမလည်လို့ သေချာရှင်းပြပေးပါ။ဒေါက်တာက ဘာလို့စိတ်မကောင်းတာလဲ”

ဆရာဝန်ကြီးက Kongpob ကို စိတ်မကောင်းစွာကြည့်ရင်း ခေါင်းကိုဖြည်ညှင်းစွာခါယမ်းလိုက်သည်။ ခွဲစိတ်ခန်းထဲက ထွက်လာ သည့်အဖြူရောင်အုပ်ထားသည့်တစ်စုံတစ်ရာကိုမြင်သည့်အခါ Kongpob တစ်ကိုယ်လုံးတောင့်တင်းသွားရတော့၏။ ပုဝါဖြူစကို ခပ်ဖြည်းဖြည်းချင်း ဆွဲမကြည့်သည့်အခါ မြင်ရသည့် မျက်နှာလေးကြောင့် Kongpob နောက်ကိုမယုံနိုင်သလိုဆုတ် သွား၏။ သူ့ဘေးနားတွင် Nanyi က လက်မောင်းကို ထိန်းဖက်ထားနေပေမယ့် Chakrii ကတော့ ဘာခံစားချက်မှမရှိသလို ကြည့်နေ သည်။

ကော်ရစ်တာတစ်လျှောက် ခပ်သွက်သွက်ခြေသံတွေက ထွက်ပေါ်လာသည်။မယ်မယ်နှင့်အတူ Chanchai . Brightတို့က မပြေးရုံတမယ်လျှောက်လာကြသည်။ မယ်မယ်က မြင်လိုက်ရသည့် Arthit မျက်နှာကြောင့် သွေး ဆုတ် သွားသည်။

“မဟုတ်ဘူး အဲ့ဒါ င့ါသားမဟုတ်ဘူး”

မယ်မယ်က ခပ်တောင့်တောင့်ကြီးရပ်နေသည့် Chakrii ၏လက်မောင်းကို လာရောက်ဖက်တွယ်သည်။

“အဲ့ဒါ သားငယ် မဟုတ်ဘူး။ မဟုတ်ဘူး မလား .. Chakrii .. မယ်မယ်မှားမြင်တာမလား။”

Chakrii က ခေါ်သွားတော့ဟုသဘောဖြင့် ခေါင်းညိတ်ပြလိုက်ရာ တာဝန်ရှိသူတွေက တွန်းလှည်းကိုဆက်တွန်းသွားကြသည်။

“မသွားနဲ့.ကိုကို က ဘာမှမဖြစ်ဘူး။ ခင်ဗျားတို့ သူ့ကိုခေါ်မသွားနဲ့”

တွန်းလှည်းနားအတင်းတိုးကပ်လာသည့် Kongpob ရင်ဘတ်ကို Chakrii က ဆောင့်တွန်းလိုက်သည်။တစ်ဆက်တည်း မယ်မယ့် လက်ကိုပါ ရုန်းခါပစ်လိုက်၏။

“ခင်ဗျားတို့က ဘာအခွင့်ရှိလို့လဲ။ခင်ဗျားတို့ရဲ့ အတ္တတွေကြားမှာ Arthit ဘယ်လောက်တောင်နာကျင်နေလိမ့်မလဲ မတွေးပေးကြဘဲနဲ့ ခုမှ ဝမ်းနည်းပြမနေကြနဲ့။ Arthit က ခင်ဗျားတို့နဲ့မတန်ဘူး။ Arthit ရဲ့အချစ်နဲ့ မင်းမတန်ဘူး Kongpob. ပြီးတော့ မယ်မယ်. သိပ်ကိုစောင့်ထိန်းချင်တဲ့ ဂုဏ်သိက္ခာတရားကို သား သမီးထက်ပိုပြီးတန်ဖိုးထားတဲ့ မယ်မယ်လည်း Arthit မိခင်ဖြစ်ထိုက်ရဲ့လား။သူ ချစ်ရတဲလူနှစ်ယောက်ကြားမှာ ဘယ်လောက်တောင်ဗျာများနေခဲ့ရမလဲ စဉ်းစားကြည့် ပေးကြ ရဲ့လားဗျာ.. ခုတော့ အားလုံးပြီးသွားပြီ။ ခင်ဗျားတို့သိပ်ချစ်တဲ့အတ္တတွေကိုပဲ ဖက်တွယ်နေလိုက်တော့. Arthit က ငြိမ်းချမ်းသွားပြီ။”

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now