အပိုင်း(၅)
“မယ်မယ် နေမကောင်းဘူးဆို.နေသာရဲ့လား။”
မယ်မယ့်အိပ်ခန်းထဲဝင်လာတော့ မယ်မယ်က ကုတင်ထက်တွင်ခွေကာ လှဲလျောင်းနေသည်။ မျက်နှာက အနည်းငယ် ဖြူဖျော့ဖျော့ ဖြစ်နေသည်။ Arthit မယ်မယ်ဘေးက ဆိုဖာပုလေးတွင်ဝင်ထိုင်လိုက်သည်။
“အသက်ကြီးလာတော့ နည်းနည်းဖြစ်တာပါ။စိတ်ပူစရာမရှိပါဘူး။ဆရာဝန်လည်းခေါ်ထားပြီးပြီ။ ဒါနဲ့ Arthit ဒီည ညစာစားပွဲကို သားပဲ တက်လိုက်တော့နော်.။အစက မယ်မယ်နဲ့သားငယ် စုံတွဲတက်မလို့ပေမယ့် မယ်မယ့်အခြေအနေက ခု သားမြင်တဲ့အတိုင်းပဲ။”
“ရပါတယ် မယ်မယ်ရဲ့။ကျွန်တော်ပဲ သွားလိုက်ပါ့မယ်။ဦးလေး Chanchai ရော.”
“သူလည်း ပွဲတစ်ခုသွားတက်တယ် သား။ကား ကိုယ်တိုင်မောင်းမသွားနဲ့၊။ဧည့်ခံပွဲလုပ်တဲ့ခြံက လှမ်းတယ်မလား။ ကားမောင်းတဲ့ကောင်လေးကို ခေါ်သွား။”
“စိတ်မပူပါနဲ့မယ်မယ်ရဲ့.။နေသာအောင်နားနေပါ.။ဒါဆို သွားဖို့ပြင်ဆင်လိုက်ဦးမယ်နော်.”
မယ်မယ့်နဖူးလေးကို ငုံ့နမ်းလိုက်ပြီးမှ Arthit အခန်းထဲက ထွက်လာခဲ့သည်။Arthit တို့စံအိမ်တော်တွင် မယ်မယ် နေမကောင်း လျှင် ဖြစ်လျှင် သိပ်မပူမိ.။ပြုစုလုပ်ကိုင်ပေးမည့်သူတွေက တစ်ပုံကြီးပင်.။မျိုးရိုးဂုဏ်မြင့်မားကာ ထိန်းသိမ်းလျက် မာနကြီးသည့် မယ်မယ်က ပေးကမ်းစွန့်ကြဲခြင်းတွင်လည်း သူမတူတာမို့မယ်မယ့်ကိုချစ်ခင်ကြသူများလည်း ပေါသည်။
သူ့အခန်းထဲပြန်ဝင်လာရင်းေ၇ချိုးဖို့လုပ်လိုက်သည်။ ဖုန်းကိုတစ်ချက်ကြည့်လိုက်တော့ မည်သည့် message မှဝင်ထားသည်ကိုမတွေ့တော့ စိတ်ကညိုချင်ချင်။ တစ်မနက်လုံး လည်း အလုပ်ကိစ္စမှလွဲ ဘယ်သူ့ဆီကမှ ဖုန်းမလာစာမကြား။ ဒါဆို ဘယ်သူ့ကိုမျှော်နေတာလဲလို့ Arthit ကိုမေးရင် သူကိုယ်တိုင်လည်းမရေရာ။
ရေချိုးခန်းထဲကထွက်လာတော့မြည်လာသည့် ဖုန်းသံကြောင့် အပြေးအလွှားပြေးကိုင်လိုက်သည်။
# hey Arthit ဒီည ဟိုတယ်လုပ်ငန်းစုပိုင်ရှင်ရဲ့ညစာစားပွဲလာမှာလား။#
YOU ARE READING
မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)
Fanfictionငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။