အပိုင်း(၁၁)
"Kong-"
Kongpob ဆိုသည့်နာမည်လေးတောင် ဆုံးအောင်မခေါ်လိုက်ရပါ။ Kongpob သည် Arthit ကို မျက်နှာချင်းဆိုင် မြင်ပါလျက် နှင့် လျစ်လျူရှုရှောင်ထွက်သွားသည်။ Arthit မျက်နှာ ညို့ခနဲဖြစ်သွားရပါသည်။ချင်းမိုင်ကနေလည်း Arthit ကို နှုတ်မဆက်ပါဘဲ ချက်ချင်းပြန်သွားခဲ့သည်ဟု ထင်ရသည်။ Kongpob စိတ်ဆိုးနေသည်ပေါ့။ဒါပေမယ့်လည်း မိန်းကလေးတစ်ယောက်နှင့် ဈေးဝယ်စင်တာတောင် အေးအေးဆေးဆေးပတ်နေနိုင်သည်ထိ Kongpob ကတော့ သာသာယာယာရှိနေခဲ့သော်လည်း သူ့မှာသာ အတွေးပင်လယ်ဝေ တွေးပူကာ အိပ်မရ နေမရဖြစ်ခဲ့ရဟန်တူပါသည်။
"ခုမှပဲ နေလို့ကောင်းသွားတော့တယ်။သွားရအောင် Arthit တစ်ခုခုစားရအောင်"
"တော်ပြီ Bright ငါ မစားချင်တော့ဘူး။တစ်ယောက်တည်းစားတော့"
"အမ်- မင်း အလုပ်ကိစ္စအတွက် ငါလိုက်လာလို့ နေ့လည်စာ ကျွေးမယ်လို့ မင်းပြောတာလေ။ခု ငါ သန့်စင်ခန်းလေးပဲ ခဏဝင်လိုက်ရုံရှိသေး. အချိုးကပြောင်းသွားပြီလား။မရဘူး ဟေ့ကောင်."
"ကျွတ်- ရော့စားချင်တာသာ စား။ ငါ မလိုက်တော့ဘူး။"
ပိုက်ဆံအိတ်ပြားလေးကို Bright ထံပစ်ပေးလိုက်ပြီးမှ Arthit မျက်နှာလေးစူပုတ်စွာဖြင့် စင်တာထဲမှ ထွက်ကာကားပါကင်ဆီကို သာရောက်လာသည်။လာတုန်းကတော့ Arthit ကားနဲ့ Bright က အတူပေမယ့် ခုတော့ သူ့ဘာသာ ဘယ်လိုပြန်ပြန် Arthit ပြန်နှင့်တော့မည်။
သို့သော် ကားပါကင်က မြင်ကွင်းကလည်း လှမနေ။ Kongpob သည် သူစိမ်းမိန်းကလေး ၏ ဈေးဝယ်အိတ်တွေအတူ လုသယ် ကူနေကြရင်း ပြုတ်ကျကုန်သည့်အခါ ရယ်မောနေကြလေသည်။သူ သေချာသိတာပေါ့။ Kongpob သူ့ကိုမြင်တယ်ဆိုတာ.။ဒါဆို ချစ်သူရည်းစားကိုမြင်ပါလျက် မသိချင်ယောင်ဆောင်တတ်သည့်သူ ရှိသလား။ သူ သည်းမခံနိုင်တော့ပါ။
"Kongpob-"
"သြော်-"
"ဘာ-- သြော်-ဟုတ်လား။"
"ဘယ်သူလဲ Kong."
သူတို့စကားပြောခန်းကို ဘေးကမိန်းကလေးက ပြုံးလျက်မေးသည်။
YOU ARE READING
မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)
Fanfictionငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။