အပိုင်း ၂၁

5.2K 561 131
                                    

အပိုင်း-၂၁

“Kong -”

Mai က လက်ကိုရုန်းလိုက်ပေမယ့် Kongpob က ပွင့်လက်စ တံခါးအပြင်ဘက်ကိုသာ မေးကြောတွေထောင်ကာ အံကြိတ်လျက် ငေးကြည့်နေသည်။မရုန်းလို့တော့မရတော့။ သူ ဆုပ်ကိုင်ထားသည့် Mai ၏လက်က ကျိုးကြေတော့သဖွယ် ခံစားနေရလောက် အောင် Kongpob က ခပ်တင်းတင်းကိုဆုပ်ကိုင်ထားသည်။

“Kongpob ငါ လက်တအားနာနေပြီ.”

အသံမြှင့်ကာ အော်လိုက်တော့မှ Kongpob က သတိဝင်လာသည်။ သူမ လက်ကိုလွှတ်ပေးလိုက်ပြီးတော့မှ တုန်ယင်နေသည့် လက်နှစ်ဖက်ကို Kongpob ကသူ့ဘာသာ အချင်းချင်းပြန်ထိန်းကာ ဆိုဖာပေါ်ဝင်ထိုင်သည်။ ပြင်မရအောင်ပျက်ယွင်းနေ သောမျက်နှာမှာ နာကျင်မှု ကစာဖွဲ့လို့တောင်မရ။ သူမ တကယ်ကို နားမလည်နိုင်တော့ပါ။

“ဘာတွေလျှောက်လုပ်လိုက်တာလဲဟာ..”

“ပြီးသွားပြီ။ အားလုံးပြီးသွားပြီ.”

“ဘာကိုပြီးသွားတာလဲ။ အကိုArthit ဘယ်လောက်တောင် ထိခိုက်သွားလဲ နင်မမြင်ဘူးလား။ပြီးတော့ နင်--နင် ခုကျေနပ်နေလို့လား Kongpob ရဲ့။အားလုံးတော့ ဒုက္ခရောက်ကုန်ပါပြီဟာ.အရူးကောင် Kongpob ရဲ့”

Mai က တရစပ်ရေရွတ်လျက် Kongpob မျက်နှာချင်းဆိုင်က ဆိုဖာမှာ ဝင်ထိုင်သည်။တကယ်လည်း Arthit ၏မျက်နှာကိုကြည့် ရင်း သူမသည်ပင် နှလုံးသားက တဆစ်ဆစ်ကိုက်ခဲလာသလိုခံစားရပါလျှင် ကာယကံရှင်တွေက ဘယ်လောက်တောင်များ ဆိုဖွယ်မရှိတော့။

“ငါတို့စေ့စပ်ထားတယ်ဆိုပေမယ့် လက်ထပ်မဖြစ်တာ သေချာသလောက်ရှိတယ် Kong. ငါ နင့်ကို စိတ်ရှိတာ နင်သိပေမယ့် တခြားလူအပေါ် စိတ်လုံးလုံးရှိနေတဲ့ နင့်ကိုတော့ ငါ လည်း မယူနိုင်ဘူး။နင်တို့ချစ်ခြင်းမှာလည်း ငါ အနှောင့်အယှက်မဖြစ်ချင်ဘူး။နင်သာ--နင်သာ တစ်ထစ်လေးလျှော့လိုက်ရင် အားလုံးအဆင်ပြေသွားမှာလေဟာ.။ဘာတွေလုပ်လိုက်တာလဲ ခု ”

“ဟိုအမျိုးသမီးဘယ်လိုတွေပြောလဲ နင်သိလား။သားဖြစ်သူကိုတောင်ရင်းပြီး ဂုဏ်သိက္ခာကို အဖတ်ဆယ်ချင်နေတာ အဲ့မိန်းမက။ငါတို့မိသားစုအပေါ် ကျူးလွန်ခဲ့တာ တောင်းပန်စကားတစ်ခွန်းမှ မပြောဘဲ. သူက ငါ့ကိုနင်းချင်တာ။Arthit ကိုယူချင်ရင် ငါက သူ့ကိုလူသိရှင်ကြား ဒူးထောက်တောင်းပန်ရမယ်တဲ့လေ အဟက်--သိပ်စိတ်ကူးယဉ်လွန်းတယ်။”

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now