အပိုင်း ၂၇ final

9.8K 667 103
                                    

အပိုင်း-၂၇ Final Part

“Mai လုပ်လိုက်ပါမယ်ရှင့် ။ မယ်မယ် အဲ့  မမ က နားပါရှင်”

Mai က ရုတ်တရက်မယ်မယ်လို့ခေါ်လိုက်ပြီးမှ နှုတ်ခမ်းကိုလက်ဝါးဖြင့်အုပ်လျက် ပြုံးစိစိဖြင့် ပြန်ပြင်ပြောရှာသည်။ သူမ အနေ နှင့် မယ်မယ်လို့ခေါ်ရမည့်အရွယ်ဆိုပေမယ့် Chanchai ၏ဇနီးဖြစ်နေလေတော့ တော်စပ်မှုက သမီးယောင်းမ ဖြစ်နေ သည် မလား။

“ရတယ် Mai. မယ်မယ် လို့နှုတ်ကျိုးနေလည်းရပါတယ်.”

မယ်မယ်က ပြုံးလျက်ဆိုလာတော့ Mai က မယ်မယ်လုပ်လက်စ မုန့်ပန်းကန်ကိုလွှဲပြောင်းယူလိုက်သည်။နေ့လည်ခင်း မုန့် တစ်ခုခုလုပ်စားကြမယ်ရည်စူးရင်း အကူမိန်းကလေးတွေတော့ရှိပေမယ့် မယ်မယ်က တစ်ခါတစ်လေကိုယ်တိုင်ဦးစီးရတာ ကြိုက်တာမို့ ဝင်လုပ်နေတော့ Mai ပြာပြာသလဲ ဝင်လာခဲ့ခြင်းဖြစ်သည်။

“ဟို ရှေ့မှာတော့ Kong ရောက်နေပါတယ် မယ်မယ်ခေါ်ထားလို့ဆိုပြီး”

“ဟုတ်လား ဒါဆို သွားလိုက်မယ်။ Mai ဆက်ပြင်ထားလိုက်နော်. ”

မယ်မယ်က အိမ်တော်၏ ဧည့်ခန်းမဆီသို့လျှောက်လာခဲ့သည်။ဧည့်ခန်းထဲတွင် ထိုင်နေသည့် Kongpob က မယ်မယ်လာတာ မြင်တော့ မတ်တပ်ထရပ်လာသည်။ ထိုင်ဖို့ အသာပြုံးပြလိုက်ရင်းမယ်မယ်က Kongpob ဘေးမှာပင်ကပ်ရပ်ဝင်ထိုင်လာသည်။

“ကိုယ်တိုင်လာမလို့ပေမယ့် ဒီနေ့ နေသိပ်မကောင်းချင်သလိုဖြစ်နေလို့ခေါ်လိုက်ရတာ.”

“ရပါတယ် မယ်မယ်.ကျွန်တော် ပဲလာခဲ့ပါ့မယ်။”

နှစ်ဦးသား၏အကြည့်တွင် အတ္တတစ်စုံတစ်ရာမရှိ-အငြိုးအတေးမရှိ ပကတိဖြူစင်နေသည်။ ကြည်ကြည်စင်စင်ပဲကြည့်နေသည့် Kongpob ကို မယ်မယ်က အေးချမ်းစွာပြုံးပြလိုက်ရင်းက Kongpob လက်တစ်ဖက်ကိုအုပ်ထပ်ကိုင်လာသည်။

“ပြောခဲ့ပြီးသားပေမယ့် ဖြစ်သမျှအားလုံးအတွက် မယ်မယ်ကပဲတောင်းပန်ပါတယ် Kong.ခွင့်လွှတ်ပေးပါ.”

“မဟုတ်တာဗျာ.ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီ.။ကျွန်တော်လည်း အများကြီးမှားခဲ့ပါတယ်ဗျာ.။ကျွန်တော်လည်း မှားပါတယ် မယ်မယ်.”

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now