အပိုင်း-၂၄
တင်းမာနေသည့်စကားဝိုင်းတစ်ခုထဲ Nanyi တစ်ယောက်သာမျက်နှာလေးငယ်လျက်ရှိနေသည်။ Chakrii က လည်းတစ်စက်မှ မလျှော့သလို Kongpob ကလည်းလက်မလျှော့။သူမ သာဘေဘီလေးကိုပိုက်လျက် ငြိမ်ကြည့်နေရုံသာ။
“ကျွန်တော် ထပ်တောင်းဆိုပါရစေ အကို။ ကိုကို့ကို ကျွန်တော့်ကို ပြန်စောင့်ရှောက်ခွင့်ပေးပါ။ ကျွန်တော့်ကို မကန့်ကွက်ဘဲလွှတ်ပေးထားပါ။”
“ငါလည်းပြောပြီးပြီလေ။ Arthit က မင်းစောင့်ရှောက်စရာမလိုအောင် အေးအေးချမ်းချမ်းရှိနေတယ်လို့။ မင်း သာ သွားမနှောက်ယှက်နဲ့”
“နှောင့်ယှက်တာမဟုတ်ဘူး။ ပေးဆပ်ချင်တာ။ ကိုကို့ကိုပေးချင်ခဲ့သမျှ ကိုကိုနာကျင်ခဲ့သမျှကို ပြန်ပြီး ပေးဆပ်ချင်တာ။လုံးဝဖြစ်မလာနိုင်ဘူးဆို ပြီးစိတ်ကအောက်ဆုံးထိကျနေပြီးသားကို။ ပြန်တွေ့လိုက်ရတော့ ကျွန်တော် ဘယ်လိုခံစားရသလဲသိလား။ ထွေးပွေ့ချင်တယ် မပြောခဲ့ရသမျှတွေ အတိုးချပြောချင်တယ်။တကယ်တော့ ကျွန်တော် ဘယ်လောက်ချစ်ခဲ့သလဲဆိုတာ သေသေချာချာလေးပြောပြချင်တယ်။”
ရင်ထဲခံစားရခြင်းများစွာကြောင့် Kongpob မျက်လုံးတွေနီရဲလျက် အသံဆို့နင့်သွားသည်။ သူ Arthit ရှင်သန်နေတာသိသွား ပြီ ဆိုတာ သိသိခြင်းပင် Chakrii ကလည်း ပြည်ပကနေ ချက်ချင်းပြန်လာခဲ့သည်။ ဘေဘီရဲ့ မွေးနေ့ကို ဂေဟာတစ်ခုက ကလေးတွေကို ကျွေးမွေးမည်ဟု Chakriii သိထားပေမယ့် ဘယ်ဂေဟာလည်း မမေးမိတာ မှားသွားခဲ့သည်ထင်၏။
“ကိုကို့နားမှာ နေခွင့်ပေးပါ အကို။အသက်ရှင်နေတာမသိဘဲ ခုထိ သေမလောက်ခံစားခဲ့ရတာ အကို မြင်တယ်ဆို ကျွန်တော့်ကို ခွင့်လေးပဲပေးပါ။”
“အဲ့ဒါ က ဘာစကားလဲ !”
ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့် အားလုံးလှည့်ကြည့်မိလိုက်ကြသည်။ Nanyi က ဘေဘီကိုပွေ့လျက် ထလိုက်ပြီး မယ်မယ် ဟုရေရွတ်သည်။ Chakrii ကတော့မျက်နှာလွှဲ၏။တုန်လှုပ်နေသည့်မယ်မယ်သည် သူတို့နားသို့ဖြည်းဖြည်းချင်း တိုးကပ်လာသည်။ မျက်နှာလွှဲလျက် ထိုင်နေသည့် Chakrii နားတွင် ဝင်ထိုင်ကာ လက်မောင်းကိုဆုပ်ကိုင်၏။
YOU ARE READING
မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)
Fanfictionငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။