အပိုင်း(၁၀)(Z&U)

4.1K 504 27
                                    

အပိုင်း(၁၀)

Arthit တစ်ယောက် Kongpob ကိုပင် ဖုန်းမဆက်လိုက်နိုင်ပါဘဲ ချင်းမိုင်ကိုရောက်နေရသည်။အလုပ်ကိစ္စက ရုတ်ခြည်းပေါ်လာ သည်မို့သူ မနေ့ကတည်းကရောက်နေခြင်းဖြစ်သည်။ မနေ့ညကတော့ဆက်သွယ်လိုက်ဦးမည်ဟုတွေးမိသော်လည်း ပင်ပန်း လွန်းသဖြင့် ဟိုတယ်ခန်းထဲ ခေါင်းချတာနှင့်မှေးခနဲအိပ်ပျော်သွားမိတာ။

ဒီနေ့မနက်ခေါင်းလျှော်ရေချိုးပြီးချိန်ထိ ဝင်နေကျ message လေးက ဝင်မလာသည်မို့ Kongpob တစ်ယောက်တော့ မဆက်သွယ်သဖြင့် စိတ်ဆိုးသွားပြီ ဟု သူ တွေးထင်မိကာ သူ့ဘက်ကပင် စတင်ဆက်သွယ်ဖို့ပြင်ရတော့သည်။ Bath robe ဝတ်ထားရင်းကပင်ဖုန်းခေါ်မည်ပြုစဉ် အခန်းဘဲလ်က မြည်လာသည်။ မနက်စာကို အခန်းတွင်းမှာပင် စားဖို့ ပြောထားသည်မို့ Room Service လာခြင်းပင် ဖြစ်ရမည်။

"Morning ကိုကို."

"Kongpob."

Arthit မျက်လုံးတွေပြူးကျယ်နေတုန်းမှာပဲ Kongpob က အတူလာသည့် ဟိုတယ်ဝန်ထမ်းလေးနှင့်အတူ အခန်းထဲဝင်လာသည်။ ဝန်ထမ်းလေးကတော့ ပြင်ဆင်စရာရှိတာပြင်သွားပေးပြီးထွက်သွားမှ Arthit စကားစရတော့သည်။

"Kongpob မင်းဒီကိုဘယ်လိုလုပ်ပြီး-"

"အခန်းထဲဆိုပေမယ့် ဒီလိုကြီးဝတ်ထားတော့ ခု သူများမြင်ကုန်ပြီပေါ့။ ရင်ဘတ်လေး လည်းစေ့ဦး ကိုကို။ကျွန်တော် သဝန်တိုတတ်တယ်နော်။"

ပြောရင်းနှင့် Arthit ၏ အင်္ကျီရင်ဘတ်စကိုလာဆွဲစေ့ပေးနေသည့် Kongpob ရယ် ပါ။ မနက်ကတည်းက လိပ်ခဲတည်းလည်း ဖြစ်နေသည့် စိတ်ကလေးက ခုမှပင် ကြည်လင်သွားကာ Arthit ရယ်မိသည်။

"ခု မင်းကလွဲ ဘယ်သူမှလည်းကြည့်မနေပါဘူး။ကဲ ပြောဦး ဘယ်လိုရောက်လာသလဲ"

"Tew ကတဆင့် ကိုကို့အတွင်းရေးမှူးဆီ စုံစမ်းခိုင်းလိုက်တာလေ။မနေ့ကလည်းအဆက်အသွယ်မရတော့ ကျွန်တော်က စိတ်ပူနေပြီ။ချင်းမိုင် သွားတယ်ဆိုလို့ လိုက်လာတာ။ပိုက်ဆံလည်းမပါဘူး ကိုကို။ ဘယ်လိုလဲ ကျွန်တော် ဒီအခန်းမှာပဲ အိပ်လို့ရသလားဟင်။"

Arthit အေးအေးသက်သာပင်ခေါင်းညိတ်ပြလိုက်သည်။သို့သော် တစ်မျိုးတစ်မည်ကြည့်ကာ ပြုံးစိစိဖြင့် Kongpob ကြောင့် Arthit မျက်မှောင်လေးကြုံ့လာရသည်။

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now