အပိုင်း(၇)
“ဒီကိစ္စကိုကျွန်တော်က ဘယ်နှစ်ခေါက်လောက်ပြောရမှာလဲဗျာ.။သေချာပြောထားပြီပြီလေ။ထပ်ပြီးမနှောင့်ယှက်တော့အောင် စက်ရုံ အဆင်ချောချောလည်ပတ်နိုင်အောင် လုပ်အားခငွေကိုပေးလိုက်တော့ လို့ပြောထားတယ်။အလုပ်ထွက်သွားတဲ့တစ်ယောက်ကိုလည်းရအောင်ဆက်သွယ်ပြီး တစ်ခုခုသိရအောင်လည်း လုပ်လေ.”
Arthit ၏အသံက စိတ်မရှည်ခြင်းနှောလျက် ဒေါသစွက်နေသည်။မန်နေဂျာချူပ်က ငြိမ်ပြီးနားထောင်နေတော့မှ Arthit စိတ်လျှော့လိုက်ရင်း စားပွဲပေါ် ထောက်ထားသည့်လက်ပေါ် နဖူးအပ်လိုက်မိသည်။
“ဆောရီးပါ။ ကျွန်တော် စိတ်နည်းနည်းဆတ်နေလို့။ မန်နေဂျာချူပ်က ပဲ အဆင်ပြေအောင်ဖြေရှင်းလိုက်ပါ။”
“ဟုတ်ကဲ့ပါ”
မန်နေဂျာချူပ်က အလိုက်သိသိပြန်ထွက်သွားပေးသည်။Arthit ကိုယ်တိုင်လည်း ကိုယ့်ဘာသာသိပါသည်။ဒီမနက် အစည်း အဝေးက စ ခေါင်းရှုပ်စရာတွေချည်းစုလာသည့်အခါ- မနေ့ညက အိပ်ရေးပျက်ထားသည့်အတွက် ခေါင်းကလည်း နောက်နေသည့်အခါ.နောက်ပြီး ဝင်လာနေကျ Message လေးက မဝင်လာသည့်အခါ သူ့မျက်နှာ တစ်မနက်လုံး သုန်မှုန်နေခဲ့သည်။
ယခင်နေ့က Message တွေကိုတစ်ခုချင်းပြန်ဖတ်နေမိသည်။#Morning ပါ ကိုကို.။သာယာတဲ့နေ့လေးဖြစ်ပါစေ.။#
# နိုးပြီမလား ကိုကို။မနက်စာ ကောင်းကောင်းစားပါ။#
#ဒီမနက်တော့ ကျွန်တော် ဘာလို့မသိ ကိုကို့ကို လွမ်းနေမိတယ်။ Morning ပါ ကိုကို။#
Message တိုင်းသည်မနက်ခင်းအစတွင် ဝင်လေ့ရှိခဲ့သည်သာဖြစ်သည်။ ဒီမနက် ဖုန်းတကြည့်ကြည့်ဖြင့်လုပ်နေသော်ငြား မည်သည့် Message ကမှဝင်မလာ။ မနေ့က သူ ပြောလိုက်တာများ အတော်လွန်သွား သလား။အထိခိုက်ခံကာ ကူညီကာကွယ် ပေးခဲ့သူကို Arthit စွပ်စွဲပြောဆိုခဲ့မိသည်။ ဒါဆို ဘယ်လိုလုပ်ရမှာလဲ။ ပွင့်ပွင့်လင်းလင်းပြောလာသည့် သူ့ချစ်စကားကို လက်ခံဖို့ Arthit ယုံကြည်ချက်မရှိ။ သာမန် အလုပ်ပေါင်းစုံလုပ်သည့် ကောင်လေးတစ်ယောက်ကို သူ ဘယ်အင်အားနှင့် လက်ခံဖို့တွေးရမည်လဲ။
YOU ARE READING
မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)
Fanfictionငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။