2(U+Z)

5.7K 355 1
                                    

-ညှပ်ရိုးပေါ်ကအနီရောင်မှည့်စက် -

ဟယ်ယွိ: ဟင့်အင်း ချစ်သူမရှိပါဘူး

အမှန်အတိုင်း ဖြေဖို့ပဲ ဆုံးဖြတ်ပြီး ဟယ်ယွိစာပြန်ရိုက်လိုက်သည်။

တစ်ဖက်လူက စာကို ဖတ်ရှုခဲ့ပြီး စာပြန်ရေး
နေသည် ဟူသော Typing စာလုံးက ဖုန်းမျက်
နှာပြင်တွင် ပေါ်လာသည်။သို့သော်လည်း
ထို typingစာလုံးက အချိန်အတန်ကြာအောင်
ပေါ်နေပြီး အခုထိ ပြန်စာ မလာသေးပေ။ထို့
အတွက်ကြောင့် ဟယ်ယွိလည်း ယဲ့ရွှင် ပြန်
ပို့မည့် စာကို စောင့်နေရင်း တစ်ဖက်လူ၏
အနည်းငယ် ထူးဆန်းသော profile picture
အား သတိထားမိလိုက်သည်။ ထိုဓာတ်ပုံမှာ
sefile ပုံတစ်ပုံ နှင့် ဆင်တူသည်။သို့သော် မျ
က်နှာကို မြင်သာအောင် ရိုက်ထားခြင်း မရှိဘဲ
ညှပ်ရိုး အောက်ဘက်နားတွင် လက်တင်
ထားသော ပုံစံမျိုး ဖြစ်သည်။

သေသေချာချာ မြင်ရအောင် ကြည့်ရန် ဟယ်ယွိ ထိုprofile pictureကို ထောက်လိုက်သ
ည်။

ထိုပုံတွင် ရေစက်တစ်စက်သည် သွယ်လျ
သော လက်ချောင်း မှတစ်ဆင့် ကျလာကာ
အခြား ရေစက်ခွဲများ အဖြစ် ပြန့်ကျဲသွားပြီး
ရင်ဘတ်၊ညှပ်ရိုး နှင့် လည်တိုင်မြင့်မြင့် ပေါ်သို့ ကျဆင်းသွားသည့် ပုံစံပင်။ထို့အပြင် ဘ
ယ်ဘက် ညှပ်ရိုးပေါ်တွင် မှည့်စက်ကလေးတခုလည်း ရှိနေဟန် တွေ့ရသည်။သို့သော်လ
ည်း အလင်းအနေအထား သိပ်မပီပြင်ခြင်း
နှင့် အခြား လက်တစ်ဖက်ဖြင့် တစ်ဝက်ခန့်
ကွယ်ထားခြင်း တို့ကြောင့် ထိုမှည့်စက်က
လေးနှင့် ပတ်သတ်၍ ဟယ်ယွိ သိပ်မသေချာလိုက်ပါချေ။

အချိန်အတော်ကြာအောင် typingရိုက်ပြီး
နောက်ဆုံးတွင်တော့ ယဲ့ရွှင်ထံမှ စာပြန်ဝင်လာတော့သည်။သို့သော်လည်း ထိုစာသည်စာလုံးနှစ်လုံးသာပါ၏။

" Good Night"

ဟယ်ယွိ တည်တည်ငြိမ်ငြိမ်ဖြင့် စာပြန်ပို့လို
က်သည်။

"အင်း မင်းလည်း Good Night ပါ"

ထို့နောက် သူမ၏ အခန်းအပူချိန်အား 26 degrees သို့ ပြောင်းရင်း စောင်ကို ဆွဲခြုံကာ
အိပ်ယာဝင်ရန် ပြင်လိုက်တော့သည်။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now