18(U+Z)

2K 188 0
                                    

-နင့်အတွက်ကောင်းပါတယ်-

နောက်တစ်နေ့နံနက်တွင်ရာသီဥတုမှာကောင်း
မွန်ပြီးကောင်းကင်၌တိမ်များလည်းရှိမနေပေ။အရှေ့အရပ်မှနေထွက်လာခဲ့ပြီးပုဇွန်ဆီ
ရောင်မှရွှေရောင်ပမာတဖြည်းဖြည်းပြောင်း
လဲသွား၏။

ဆောင်းရာသီ၌နွေးထွေးသောစောင်မှာအလွန်သက်တောင့်သက်သာရှိလှသည်။
စောင်အောက်ရှိနွေးထွေးသောအပူချိန်သည်
လည်းသက်တောင့်သက်သာရှိ၏။သူမရဲ့
ခြေထောက်ကိုရွှေ့လိုက်ပြီးသေးသွယ်တဲ့
လက်ချောင်းလေးတွေကအခြားတစ်ယောက်
ရဲ့သေးသွယ်တဲ့လက်တွေကိုတင်းတင်းကျပ်
ကျပ်ဆုပ်ကိုင်လိုက်သည်။

စောင်သည်အချိန်အတော်ကြာအောင်လှုပ်ရှားသွားပြီးနောက်ဆုံးတွင်တော့ငြိမ်သက်သွားခဲ့သည်။

လက်တစ်စုံမှာစောင်အောက်မှထွက်လာပြီး
nightstandပေါ်တွင်တင်ထားသောဖုန်းကို
ဆွဲယူကာscreenဖွင့်လိုက်၏။

ဟေးယွိကယဲ့ရွှင်ရဲ့မျက်နှာကိုနမ်းလိုက်ပြီး
မတ်တပ်ရပ်ကာအဝတ်အလဲစားလိုက်သည်။

"မ ကဟင်းသွားချက်မယ် အချစ်ကအခန်း
သန့်ရှင်းရေးလုပ်လိုက်နော်"

ယဲ့ရွှင်ကအိပ်ယာပေါ်ပြန်ဆွဲချလိုက်ပြီးလက်
မောင်းများဖြင့်ပွေ့ဖက်ကာညင်သာစွာပြော
လာ၏။

"နည်းနည်းလောက်ထပ်အိပ်ရအောင်"

တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသောအထိ
အတွေ့ကြောင့်လှုပ်ရှားရန်မဖြစ်နိုင်တော့ဘဲ
ခေါင်းအနည်းငယ်ဖြီးပြီးယဲ့ရွှင်ဘေးတွင်သာ
ဝင်လှဲလိုက်တော့သည်။သူမရဲ့မျက်လုံးတွေကိုမှိတ်ထားပြီးနှုတ်ခမ်းအားအနည်းငယ်ဖွင့်
ဟထားလျက်တိတ်ဆိတ်စွာအသက်ရှုနေခဲ့
သည်။အချိန်အတော်ကြာအောင်လက်ကိုဖိ
မိထားခြင်းကအနေခက်လာသည်မို့ဟေးယွိ
၏ခါးအောက်မှလက်ကို'မ'လိုက်၏။ဘေးတစ်စောင်းလှဲလိုက်ရင်းသူမရဲ့မျက်နှာကို
ဟေးယွိရဲ့လည်ပင်းနား၌မြှပ်ထားလိုက်လေတော့သည်။

ဟေးယွိကဒီအခိုက်အတန့်လေးကိုချစ်ဖို့
ကောင်းတယ်လို့ပဲမြင်မိတာကြောင့်တွန်းဖယ်
လိုက်တာမျိုးတော့မလုပ်ခဲ့ဘူး။
.................................................................
တနင်္ဂနွေနေ့၌သူတို့နှစ်ဦးပေကျင်းသို့ထွက်
လာခဲ့၏။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now