15(U+Z)

2.2K 200 6
                                    

-တိုက်ဆိုင်မှု-

ယောက်မဖြစ်သူက သူ့အမျိုးသားကို တံ
တောင်ဖြင့် တွတ်လိုက်ကာမှ ဟယ်ယွိအကိုလည်း မျက်နှာအမူအယာကို ပြန်ပြင်လိုက်သ
ည်။မည်သို့ပင်​ဖြစ်စေ သူသည် အသက်35
နှစ်အရွယ် အမျိုးသားတစ်ယောက် ဖြစ်ပြီး
မည်သို့မည်ပုံ ယဥ်ကျေးဟန်ဆောင် ပြုမူရမလဲဆိုတာကို သိ​သေး၏။တစ်ဖက်သားကိုစိတ်မသက်မသာ ဖြစ်စေလိုသော ရည်ရွယ်
ချက်မျိုးမပါဘဲ ယဲ့ရွှင်နှင့်စကားဆက်ပြောခဲ့
သည်။

ဟယ်ယွိက ဒီလိုအခြေအ​နေမျိုးကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသည်မို့ ဘေးမှ ငြိမ်သက်စွာပဲ ကြည့်နေခဲ့သည်။ယဲ့ရွှင်၏အဖြေများက ရိုးစင်းပြီး လိမ္မာပါးနပ်
၏။ဘယ်လိုပြန်ပြောရမလဲဆိုတာရယ်ဘယ်
လောက်အထိထုတ်ဖော်ပြောသင့်သလဲဆိုတာရယ်ကိုသူမကောင်းကောင်းသိတယ်။
သူမ၏မိသားစုအကြောင်းအမေးခံရသော
အချိန်တွင်တော့ပေကျင်းမြို့၌နေထိုင်ကြပြီး
အိမ်ခြံမြေနှင့်ဆိုင်သောလုပ်ငန်းလုပ်ကိုင်သည်ဟုသာဖြေကာအသေးစိတ်ကိုတော့မ
ပြောခဲ့ပေ။

ငယ်ရွယ်ခြင်းနှင့်ချမ်းသာခြင်းကသူမရဲ့အ
ခြေအနေကိုမကူညီနိုင်သည့်အပြင်အဲ့ဒီအစား
ဆန့်ကျင်ဘက်အခြေအနေမျိုးဖြင့်တစ်ဖက်လူ၊ဟေးယွိ၏အကိုကိုပိုပြီးမသေမချာမရေ
ရာအခြေအနေဖြစ်သွားအောင်လုပ်နိုင်သည်။
ထို့ကြောင့်သူမသည်ထိုအချက်နှစ်ချက်ကိုသိပ်အလေးမထားတော့ပေ။

စကားဝိုင်းကချောမွတ်စွာပဲအဆင်ပြေခဲ့ပြီး
နောက်ဆုံးတွင်တော့ဟေးယွိအကို၏သဘော
မတူနိုင်မှုကသိပ်မသိသာတော့ချေ။ဟေးယွိ
ကသူတို့ကိုညစာစားသွားစေချင်ပေမယ့်အိမ်
မှာသူတို့ကလေးလေးနဲ့အမေကစောင့်နေ
တုန်းပဲ။ဟေးယွိအကိုတို့ဇနီးမောင်နှံကနာရီ
ဝက်လောက်ပဲနေပြီး​ပြန်သွားခဲ့၏။

မပြန်ခင်မှာဟေးယွိအကိုကဟေးယွိကိုစကား
ပြောခဲ့သေးတယ်။

"သူ့ကိုအိမ်အလည်သွားဖို့မခေါ်လာနဲ့အုံး။
အမေက...." ခေတ္တရပ်ဆိုင်းပြီးမှဆက်ပြော
လာလေသည်။

"သူကအရမ်းငယ်သေးတယ်။ညီမလေးတို့ရဲ့
အချစ်ရေးပိုပြီး...တည်ငြိမ်တဲ့အထိစောင့်လိုက်ပါအုံး"

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now