20(U+Z)

2.1K 200 4
                                    

-ဝင်တိုက်မိခြင်း-

ဧပြီလအစောပိုင်းမှာတော့ဟေးယွိတစ်
ယောက်ယွီကျုံးခရိုင်မှာအိမ်ဝယ်ခဲ့တယ်။
အိမ်ကအနည်းငယ်စျေးများပေမယ့်နေရာ
ကောင်းမှာရှိနေခဲ့တယ်။ဝယ်ဖို့ဆုံးဖြတ်ချက်
မချခင်လတစ်ဝက်လောက်တောင်စောင့်ခဲ့ရ
သေးတယ်။အိမ်ဝယ်ရတာနည်းနည်းတော့
အလုပ်ရှုပ်ပြီးပရိဘောဂဝယ်တာနဲ့ဆိုင်လုပ်
ငန်းတွေက်ိုကြီးကြပ်နေရတာနဲ့တင်နွေရာသီရောက်တဲ့အထိတောင်အိမ်အသစ်လေးက
လုံးလုံးလျားလျားမပြည့်စုံသေးဘူး။

ဒါပေမယ့်ဟေးယွိကတော့စိတ်မပူခဲ့ဘူး။တစ်
နှစ်စာအိမ်ငှားစာချုပ်ရှိသေးတာမို့စာချုပ်ပြည့်သွားတဲ့အခါမှအိမ်အသစ်ကိုပြောင်းသွား
လိုက်ယုံပဲ။

စက်တင်ဘာလကုန်မှာတော့ယဲ့ရွှင်ရဲ့ကိစ္စတွေလည်းပြေလည်သွားပြီးအရာအားလုံးချောချောမွေ့မွေ့အဆင်ပြေပြေပဲရှိခဲ့တယ်။

ဒါ့အပြင်ယဲ့ရွှင်ရဲ့ဘွဲ့လွန်ကျောင်းဝင်ခွင့်ကလဲ
အတည်တကျဖြစ်သွားပြီးသူတို့နှစ်ယောက်
အတူအချိန်ပိုဖြုန်းနိုင်ခဲ့တယ်။ယဲ့ရွှင်ကသူ့ရဲ့
အသုံးအဆောင်ပစ္စည်းတွေကိုဟေးယွိရဲ့
တိုက်ခန်းစီရွှေ့လာခဲ့တာမို့အခန်းနံပါတ်
1503ကတော့ဗလာကျင်းသွားခဲ့ရတာပေါ့။
ပထမတော့သွားတိုက်တံလေးအရင်ထားခဲ့
တယ် ။နောက်တော့ ကွန်ပျူတာ၊ နောက်ဆုံး
တော့အဝတ်အစားတွေပါရွှေ့လာတော့တာ
ပဲ။ဒါကိုဟေးယွိလည်းသတိထားမိပေမယ့်
စာချုပ်သက်တမ်းကနှစ်တစ်ဝက်လောက်ပဲ
ကျန်တော့တာမို့ယဲ့ရွှင်သဘောအတိုင်းလုပ်
ခွင့်ပေးခဲ့တယ်။

ယနေ့မှာတော့ဟေးယွိရဲ့မိခင်ကညစာစားဖို့
ဟေးယွိနဲ့ဆွေမျိုးတချို့ကိုဖိတ်ခဲ့တယ်။
တစ်ချိန်ထဲမှာပဲယဲ့ရွှင်ကလည်းသူ့ရဲ့သုတေ
သနလုပ်ငန်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ပါတီ
တစ်ခုရှိနေခဲ့ပြန်တယ်။အဲ့တာကြောင့်သူတို့
နှစ်ယောက်ဂိတ်ဝအထိအတူလျှောက်ခဲ့ကြပြီးဟေးယွိကယဲ့ရွှင်မသွားခင်အဝတ်အစား
ကိုအသေအချာပုံကျကျဖြစ်အောင်ပြင်ပေးခဲ့သေးတယ်။

ညစာစားပွဲမှာနာမည်ကြီးကျန်းဟူစားသောက်
ဆိုင်တွင်ဖြစ်၏။ဆွေမျိုးများမှာအကြောင်း
အရာခေါင်းစဥ်အမျိုးမျိုးကိုဆွေးနွှေးနေခဲ့
ကြပြီးဟေးယွိရောက်လာသောအခါအပြုံး
တစ်ခုဖြင့်ဟေးယွိ၏မိခင်ကိုမေးခဲ့ကြလေ
သည်။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now