8(U+Z)

2.8K 263 0
                                    

-နူးညံ့သော နှင်းဆီပွင့်များ-

အောက်တိုဘာလ အကုန်တွင်တော့ အပူရှိန်
လည်း လျော့ကျသွားပြီဖြစ်၏။ယခင်လများနှင့် ယှဥ်ရလျှင် ရာသီဥတုက ပိုသက်သာ
လာခဲ့သည်။ထပ်ပြောရမည်ဆိုလျှင် နှစ်တစ်
ဝက်ကုန် အချိန်ကာလမှာ စတင်ခဲ့ပြီး ဖြစ်
တာကြောင့် ဆိုင်၏ စီးပွားရေးလည်း အတန်
ငယ် ကျဆင်းလာပြီး ပျင်းစရာ ကောင်းလာ
ခဲ့သည်။

ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော လေထုကိုစာဖတ်ခြင်းနှင့် စာလေ့လာခြင်းတို့ ပြုလုပ်ရ
င်းဖြင့် တစ်နေ့လုံး အချိန်ကုန်တတ်သော ကျောင်းသားအချို့က နှစ်သက်လေ့ရှိကြသ
ည်။ဟယ်ယွိတစ်ယောက် မကြာ​သေးခင်က မုန့်ဖုတ်နည်းကို လေ့လာခဲ့ပြီး သူမ ပြုလုပ်ထားသမျှကိုလည်း တစ်ယောက်ထဲ မကုန်ခြင်း
ကြောင့် စာဖြင့် တစ်နေကုန် ရုန်းကန်နေရသော ထိုကျောင်းသား၊ကျောင်းသူလေးများ အတွက် ကွတ်ကီးနှင့် ကိတ်မုန့်အချို့ကို နေ့စဥ် ယူလာပေးခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက် ဆိုင်သို့ပြန်
လာသော customersများဖြင့် စည်ကားလာခဲ့သည်။

လွန်ခဲ့သော နှစ်ရက်ခန့်က ယဲ့ရွှင်သည် Lab
projectတစ်ခု အပြီးသတ်ရမည့် ကိစ္စကြောင့်
အလုပ်ရှုပ်နေခဲ့သည်။တစ်နေကုန် ဓာတ်ခွဲခန်း
ထဲတွင်သာ အချိန်ကုန်နေရပြီး ဆိုင်သို့ သိပ်မလာဖြစ်တော့ပေ။ဟယ်ယွိ အလုပ်ပြီးသော
အချိန်မှ ကျောင်းသို့ သွားတွေ့ခြင်း သို့မှမဟု
တ် အခန်းနံပါတ် 1503 တွင် ညဘက် ထိုင်စောင့်နေခြင်းတို့ ပြုလုပ်ခဲ့သည်။

သူမတို့ နှစ်ဦး၏ အချစ်ရေးမှာ လတ်လတ်
ဆတ်ဆတ် အစောပိုင်းကာလသာဖြစ်ပြီး နှစ်ဦးစလုံး တစ်ဦးနှင့် တစ်ဦး ပိုမိုနားလည်ပေး
နိုင်ရန် ကြိုးစားနေဆဲ ကာလလည်း ဖြစ်၏။

ပိုငယ်သော မိန်းကလေးများက တကယ်တ
မ်း Dateရာတွင်ဝယ် အတွေ့အကြုံနည်းကြ
သေးသည်။ပိုစိတ်အားထက်သန်ကာ တက်
ကြွမှုများ ရှိသော်လည်း သူတို့ကို အနည်းငယ်
တော့ သင်ပေးရန် လိုအပ်သေးသည်။

ယဲ့ရွှင်ကတော့ တတ်မြောက်မှု မြန်ဆန်သူဖြ
စ်ပြီး ပိုလက်တွေ့ကျသော ကျွမ်းကျင်မှုများ
ကို သင်ယူရာ၌ အလွန်လျင်မြန်သည်။ဟယ်
ယွိသည်လည်း ယဲ့ရွှင်နှင့်အတူ အချိန်ပိုဖြုန်း
ဖြစ်ပြီး တစ်ပတ်တွင် နှစ်ခါ၊သုံးခါလောက်အ
ထိ ယဲ့ရွှင်၏တိုက်ခန်းတွင် နေဖြစ်ခဲ့သည်။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now