14(U+Z)

2.2K 188 0
                                    

-ရေပြင်-

အချို့သောအရာများတွင်ယဲ့ရွှင်ကသေသေ
ချာချာနားထောင်တတ်ပြီးသူမ၏သင်ယူမှု
ကိုလည်းလျင်မြန်စွာတိုးတက်စေခဲ့တယ်။
ဟေးယွိပြီးဆုံးသွားပြီးနောက်ပင်ပန်းနွယ်
သလိုခံစားရတာကုတင်ပေါ်သို့ပစ်လှဲလိုက်
သည်။သို့သော်ယဲ့ရွှင်ကတော့လုံလောက်
ကျေနပ်သေးပုံမပေါ်ဘဲအရှက်မရှိစွာဖြင့်
ဟေးယွိကိုတစ်ညလုံးဒုက္ခပေးမည့်သဘော
၌ရှိ၏။

.............

ယဲ့ရွှင်ကတစ်ညလုံးဒီနေရာမှာပဲနေခဲ့ပြီးသူတို့
နှစ်ယောက်လုံးမနက်1နာရီ၊2နာရီလောက်အထိအိပ်မပျော်ခဲ့ကြပေ။

နောက်တစ်နေ့မနက်တွင်ကောင်းကင်၌နေ
ရောင်ခြည်ကတောက်ပစွာထွန်းလင်းနေခဲ့
သော်လည်းသူတို့အခန်းလိုက်ကာကတော့
တင်းကျပ်စွာပိတ်ထားဆဲဖြစ်ပြီးနေ့ခင်း2နာရီ
လောက်မှသာဖွင့်ခဲ့တယ်။သူတို့နှစ်ယောက်ရဲ့
ချစ်သူသက်တမ်းက2လလောက်ပဲရှိသေးမို့
ဆက်ဆံရေးကခိုင်မာတဲ့အခြေအ​နေကိုကူး
ပြောင်းနေဆဲလည်းဖြစ်၏။ ယဲ့ရွှင် ကသူမ၏
နားရွက်လေးကိုလာကိုက်သည့်အချိန်အထိ
ဟေးယွိ ကုတင်ပေါ်၌လှဲ​နေဆဲဖြစ်သည်။
ယဲ့ရွှင်ထံမှရွှေ့ဖို့ကြိုးစားပေမယ့်လည်းမ
အောင်မြင်ခဲ့ဘူး။

"နေ့လည်ဘက်တခုခုလုပ်စရာရောရှိလား?"
ဟေးယွိမေးလိုက်တယ်။သူမရဲ့အသံကအနည်းငယ်တော့အက်ကွဲနေပြီးပင်ပန်းသလို
ခံစားရတာကြောင့်ဒီနေ့ဆိုင်ဖွင့်ဖြစ်မှာမဟုတ်
တော့ဘူး။

ယဲ့ရွှင်ကဟေးယွိရဲ့လည်ပင်းကိုဖုံးနေပြီး
ရှုပ်နေတဲ့ဆံပင်တွေကိုကူရှင်းပေးရင်းပြန်ဖြေ
လာ၏။

"မရှိဘူး ပြိုင်ပွဲပြီးသွားထဲကတပတ်လုံးအား
လောက်တယ်"

ဟေးယွိကအားမရှိတော့သလိုခံစား​နေရတာ
ကြောင့်စကားပြောတာကိုရပ်လိုက်ပြီးအနည်း
ငယ်သာခပ်တိုးတိုးအသံပြုလိုက်သည်။သူမ
ခဏလောက်အနားယူရင်းအိပ်ချင်သေးတယ်
ယဲ့ရွှင်ကလည်းဆက်မနှောင့်ယှက်တော့ဘဲ
သူမဘေးမှာတိတ်တဆိတ်ပဲဝင်အိပ်နေခဲ့
သည်။
.................................................................
ဟေးယွိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဥ်မှာ
ပဲသူ့ရဲ့ကိုယ်ပေါ်တစ်ယောက်ယောက်ကဖိထားသလိုခံစားလိုက်ရသည်။ဒါပေမယ့်သူမ
မျက်လုံးမဖွင့်ခဲ့တာကြောင့်ထိုခံစားချက်အား
အိပ်မက်ထဲအထိပါခံစားနေရသလိုပင်။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now