9(U+Z)

2.6K 247 0
                                    

-သဝန်တိုခြင်း-

ဟယ်ယွီသည် ဆောင်းဦးရာသီအတွက် ကုန်
ပစ္စည်းသစ်အချို့ကို စီစဥ်နေပြီး ယမန့်နေ့
ညက ပြုလုပ်ထားသော ဘယ်ရီသီးချဥ်ဘီစ
ကစ်အချို့အား ဝါးခြင်းတောင်းထဲသို့ ထည့်
လိုက်သည်။Customerတစ်ယောက်က အ
အေးတစ်ခွက် မှာမည်ဆိုလျှင် နှစ်ခုရမည်ဖြစ်ပြီး အခကြေးငွေပေးစရာမလိုပေ။

ညနေပိုင်းသို့ နီးကပ်လာသည်နှင့်အမျှ ရာသီ
ဥတုမှာ ရုတ်တရက် မှိုင်းမှောင်လာခဲ့သည်။လေပြင်းများလည်း တိုက်ခတ်လာပြီး မကြာမီတွင် မိုးသည်းထန်စွာ ရွာသွန်းတော့မည်ဟု
အသိပေးနေသကဲ့သို့ အပြင်ဘက်ရာသီဥတုမှာ မီးခိုးရောင်သို့ ပြောင်းလဲလာခဲ့သည်။

ယဲ့ရွှင်က ယခုအထိ ရောက်မလာသေးပေ။
ဟယ်ယွိ မျက်ဝန်းများကို မှေးစင်းကာ မီးခိုး
ရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ယဲ့ရွှင်နှင့် သူမတို့ အတူလာစဥ်က ထီးမယူသွားကြောင်းကို သတိရလိုက်မိသည်။အ
ကယ်၍ မိုးရွာလာပါက ယဲ့ရွှင်ကို သူမ သွားကြိုရပေမည်။

ယခုအချိန်သည် 5နာရီထိုးပြီး မိနစ်နှစ်ဆယ်
ကျော်ယုံသာ ရှိသေးပြီး ယဲ့ရွှင်၏အတန်းချိန်ပြီးဆုံးရန် ဆယ်မိနစ်လောက် လိုသေး၏။

အချိန်အတန်ကြာ စဥ်းစားပြီးနောက် သူမနှင့်
ရင်းနှီးသော ကျောင်းသူတစ်ဦးကို ဆိုင်ခဏကြည့်ခိုင်းခဲ့ပြီး ထီးတစ်ချောင်းကို ယူကာ ထွ
က်လာခဲ့လိုက်သည်။မိနစ်အနည်းငယ်အတွ
င်းမှာပင် မည်းမှောင်နေသော တိမ်များက
ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး မိုးရေစက်
များက မြေပြင်ပေါ်သို့ ကျဆင်းလာတော့သ
ည်။

ယဲ့ရွှင်ကို ကျောင်းဂိတ်ရှေ့တွင် စောင့်နေရန် လမ်းလျှောက်နေရင်းဖြင့် စာပို့လိုက်သည်။

ကျောင်းဝင်းသည် အတော်ကျယ်ဝန်းလှ၏။
စာသင်ချိန် ပြီးဆုံး၍ အတန်းဆင်းချိန်လည်းဖြစ်ရာ လူအတော်ရှုပ်နေပြီး မိုးကလည်း ပိုသည်းထန်စွာ ရွာသွန်းလာခဲ့သည်။မိုးရေစက်
များသည် ထီးပေါ်သို့ကျပြီးမှ မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။အချို့မိုးရေစက်များကတော့ သူမ၏ခြေထောက်ပေါ်သို့ ကျဆင်းလာခဲ့သည်။ကျောင်းဆောင်သို့ ရောက်သည့်အခါ သူမ၏ကျောပြင်သည်လည်း မိုးရေများကြောင့် စိုစွတ်နေခဲ့ပြီးဖြစ်သည်။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now