6(U+Z)

3.1K 281 3
                                    

-သော့တွဲအားကောက်ယူခြင်း-

ဟယ်ယွိ၏ နားရွက်ဖျားများ နီရဲတက်လာကာ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။ထိုမှတ်စုစာရွက်ကို ဆုတ်ဖြဲကာ လွှင့်ပစ်လိုက်ချ
င်မိသော်လည်း နောက်ဆုံးတွင်တော့ သူမ၏
အိတ်ထဲသို့သာ အသေအချာ လုံလုံခြုံခြုံထ
ည့်သိမ်းလိုက်တော့သည်။

ဟယ်ယွိ၏ မိဘများမှာ ဆိုင်မှ ဆယ်မိနစ်ခန့်
လောက်သာ လျှောက်ရသော နေရာတွင် နေ
ထိုင်သည်မို့ သူမ၏ တိုက်ခန်းမှ မိဘများရှိရာ
အိမ်သို့ လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။သူမ ရောက်ရှိသွားသည့် အချိန်တွင်
သူမ၏ အမေက ဟင်းချက်နေပြီး အစ်ကိုဖြစ်သူကတော့ အလုပ်၌ ရှိနေဆဲပင်။သူမ၏
ယောက်မကတော့ ကလေးငယ်လေးကို ပွေ့ချီ
ရင်း တံခါးရှေ့သို့ ထွက်လာပြီး နှုတ်ဆက်သ
ည်။

" ယောက်မ "

ကလေးငယ်လေးက ဟယ်ယွိ အသံကို ကြား
သွားပြီး ပြုံးကာ လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်
တန်းပြီး ကြည့်လာသည်။ဟယ်ယွိ လည်း အိ
တ်ကို ချ၍  ကလေးငယ်လေးကို ပွေ့ချီလိုက်သည်။

" အမေကတော့ ညီမကို ပြောနေတော့မှာပဲ။လက်ဆောင်တွေ အများကြီး ဝယ်လာပြန်ပြီကွယ်။ဒါက ဒီအတိုင်း အိမ်အလည်လာယုံလေးပဲကို "

သူမ၏ ယောက်မက ရယ်မောရင်း လှမ်းပြောလာသည်။

"အမေက မနက်ထဲက မီးဖိုချောင်ထဲမှာရယ်။ညီမ လာမယ်ဆိုတာ ကြားပြီးထဲက ဟင်းမျိုးစုံ ချက်နေတော့တာပဲ ပြီးမှ အမေနဲ့ စကား
ပြောလိုက်အုံးနော်"

"အင်း"

ဟယ်ယွိ ပြန်ဖြေလိုက်သည်။

"သိပါပြီ "

လွန်ခဲ့သော နှစ်တွေထဲက ဟယ်ယွိ အိမ်သို့ အ
လည်လာသည်မှာ အလွန်ရှားလှ၏။အမေနဲ့သူမက ကိစ္စ အတော်များများမှာ သဘော
ထား မတိုက်ဆိုင်တာတွေချည်း ဖြစ်ခဲ့ကြသ
ည်။သူမတို့ သားအမိဆက်ဆံရေးမှာ တစ်
ယောက်ကို တစ်ယောက် စကားသုံးခွန်းထ
က်ပင် ပိုမပြောဖြစ်ကြပေ။

အမေနဲ့ နေ့တိုင်း ငြင်းခုန်နေရတာကို ဟယ်ယွိ မကြိုက်တာကြောင့် သူမကိုယ်တိုင်ပဲ သပ်သ
ပ်ခွဲနေခဲ့သည်။ယခုအချိန်တွင်မူ မိဘအိမ်သို့တစ်လမှ 1ကြိမ်၊2ကြိမ်လောက်သာ အလည်လာဖြစ်တော့သည်။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now