12(U+Z)

2.3K 208 0
                                    

-ရင်းနှီးကျွမ်းဝင်သော-

သပ်ရပ်စွာဝတ်ဆင်ထားသောဆံပင်အတိုနှင့်
အမျိုးသမီးသည်ရေကူးကန်၏ဘယ်ဘက်အ
စွန်ဆုံးတွင်ရပ်နေလျှက်ကျန်းယွမ်အားကြည့်
နေသည်။ကျန်းယွမ်ကလည်းထိုအမျိုးသမီးကိုစူးစိုက်ကြည့်နေပေမယ့်နှုတ်တော့မဆက်
ပေ။အဲ့ဒီအစားသက်ပြင်းချကာမီးခိုးငွေ့များ
အားရှူထုတ်လိုက်ပြီးလျစ်လျူရှုလိုက်၏။

ထိုအမျိုးသမီးနာမည်မှာချင်ကျောက်ဖြစ်ပြီး
ကျန်းယွမ်၏ရည်းစားဟောင်းလည်းဖြစ်
သည်။

ယခုဒီနေရာမှာရှိနေသောလူများကလည်းသူ
တို့နှစ်ဦး၏ဆက်ဆံရေးကိုနားလည်သဘော
ပေါက်ကြတာမို့ဘယ်သူကမှထိုအမျိုးသမီးကိုနှုတ်မဆက်ကြပေ။

သူမကကျန်းယွမ်ဘေးသို့လျှောက်လာပြီး
ကျန်းယွမ်ကတော့မျက်ခုံးပင့်လိုက်ကာတဖန်
အသက်ရှူထုတ်လိုက်ပြီးမှဆေးလိပ်အားဆေး
လိပ်ပြာခွက်ပေါ်တောက်လိုက်ကာကျန်တစ်
ဝက်အားလိမ်ချိုး၍အမှိုက်ပုံးထဲသို့ထည့်လိုက်လေ၏။ချင်ကျောက်သူမအနားရောက်
လာတဲ့အထိစောင့်ပြီးမှတည်ငြိမ်သောလေသံ
ဖြင့်

"ဒီမှာရှိတဲ့လူတွေကိုစိတ်အနှောင့်အယှက်ဖြစ်
အောင်မလုပ်နဲ့ အပြင်ထွက်ပြီးစကားပြောရ
အောင် "

ချင်ကျောက်ကမျက်မှောင်ကြုံလိုက်ပြီးသူ့ပုံစံ
ကသိပ်သဘောမတူဟန်ပေါ်နေသည်။ဒါပေမယ့်ကျန်းယွမ်ကတော့သူမအားတုံ့ဆိုင်းနေချိန်
တောင်မပေးဘဲရှေ့တည့်တည့်မှဖြတ်လျှော
က်သွားလေ၏။ချင်ကျောက်လည်းသူမနောက်သို့အမှီလိုက်ရန်ခပ်မြန်မြန်ပင်ထွက်
သွားသည်။

ခပ်တည်တည်မျက်နှာထားဖြင့်အမျိုးသမီးက
ကျန်းယွမ် ထွက်ခွာသွားသည့်အရိပ်ပျောက်
သွားသည်အထိကြည့်နေလေ၏။

ဘာတွေဖြစ်နေမှန်းယဲ့ရွှင်တစ်ယောက်ထဲနား
မလည်တာမို့ဟေးယွိကရှင်းပြခဲ့ရသည်။

"သူကအရင်လိုအတူတူပြန်ဖြစ်ချင်တာ?"
ယဲ့ရွှင်ကမေးလာ၏။

ဟေးယွိခေါင်းညိတ်ပြပြီးလက်မောင်းအား
သုတ်လိုက်ပြီးနောက်ပြန်လှည့်ကာယဲ့ရွှင်၏
ဖြောင့်စင်းနေသောကျောရိုးကိုရိုက်လိုက်တယ်။ထိုထိချက်ကြောင့်ယဲ့ရွှင်ကချက်ချင်း
ပင်တောင့်တင်းသွား၏။ဟေးယွိသူမကိုစ
နေတာရပ်လိုက်ပြီးsunscreenအားဖြောင့်
ဖြောင့်မတ်မတ်လိမ်းပေးလိုက်သည်။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now