11(U+Z)

2.5K 224 0
                                    

-ပါတီ-

အပြန်အလှန်သုံးကြိမ်လောက်ပြီးဆုံးသွား
သည့်နောက်တွင်တော့နေထွက်လာခဲ့ပြီးလိုက်
ကာ၏အစွန်အဖျားမှတဆင့်အလင်းရောင်
ထွန်းလင်းလာသည်။

ဟေးယွိ က ယဲ့ရွှင်ရဲ့ခြေထောက်တွေပေါ်မှာ
တစ်ဝက်ဒူးထောက်လျှက်ထိုင်နေပြီးသူမ၏
လက်ဖဝါးဖြင့်အခြားသူ၏ခေါင်းအနောက်
ဘက်ကိုလဲထိန်းကိုင်ထားသည်။ယဲ့ရွှင်က
စိုစွတ်နေတဲ့ပါးစပ်ထဲသို့သူမ၏လျှာဖျားအား
စမ်းသပ်လိုက်ပြီးတဖက်လူ၏နူးညံ့သော
လျှာအားသူမနှင့်ချိတ်လိုက်ရင်းလှည့်ပတ်
လိုက်သည်။သူတို့နှစ်ဦး၏လျှာများကပြင်း
ထန်သောတိုက်ပွဲတစ်ခုရောက်နေသလိုအချင်းချင်းလိမ်ယှက်နေလေသည်။ယဲ့ရွှင်
ကသူမ၏လည်ပင်းကိုပင့်လိုက်ပြီးနောက်
ဟေးယွိ၏ကျောဘက်အားထိန်းထားပေး
ရင်းသူမ၏နားရွက်ဖျားများနီရဲလာ၏။

အချိန်ကြာကြာနမ်းပြီးတဲ့နောက်ဟေးယွိကသူမရဲ့လျှာအားဖြေးညှင်းစွာပြန်ထုတ်လိုက်
သည်။သူမကယဲ့ရွှင်ရဲ့နားရွက်ဖျားလေးကို
ပွတ်သတ်လိုက်ပြီးလေသံတိုးတိုးဖြင့်..

"ဘာဖြစ်လို့လဲ စိတ်မကောင်းဖြစ်နေတာလား?"

ပြီးခဲ့တဲ့တပတ်ကဖြစ်ပျက်ခဲ့တာတွေကိုဒီကလေးမ မှတ်မိနေသေးမှန်း ဟေးယွိမမေ့ပါ။
ပြီးတော့ ယဲ့ရွှင်ကအားလုံးကိုဂရုစိုက်ပေမယ့်
တချိန်လုံးတိတ်တိတ်ဆိတ်ဆိတ်ပဲနေတတ်
မှန်းလဲ ဟေးယွိသိသည်။

"မဟုတ်ပါဘူး" ယဲ့ရွှင်ကလေသံတိုးတိုးဖြင့်
သာပြန်ဖြေလာ၏။သူမ၏လက်များအား
ပြန်ရုတ်လိုက်ကာ.. "အဲ့တာနဲ့ပတ်သတ်ပြီး
စိတ်ဖိစီးစရာမရှိပါဘူး "

သူမ၏နောက်ကျောပြင်မှာရုတ်တရက်ခံစား
ချက်မဲ့သလိုဖြစ်သွားပြီး ဟေးယွိ အသက်
ပြင်းပြင်းရှူရှိုက်လိုက်သည်။သူမအားရှုပ်ပွ
နေသောဆံပင်အားသပ်တင်ရန်လက်မြှောက်
လိုက်ပြီးနောက် ယဲ့ရွှင်၏မျက်နှာကိုပင့်လိုက်
ကာနောက်တစ်ကြိမ်ထပ်နမ်းလိုက်သည်။

သူမပေါ့ပေါ့ပါးပါးဖြင့်ခပ်ဖြေးဖြေးပင်နမ်း
လိုက်သည်။ယဲ့ရွှင် ၏မျက်ဝန်းများကတစ်
ဖြည်းဖြည်းပြောင်းလဲသွားပြီးသူမ၏မျက်
ဝန်းထဲတွင်နက်ရှိုင်းသောခံစားချက်အချို့
တုန်လှုပ်လာလေသည်။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now