7(U+Z)

2.7K 228 0
                                    

- အဆုံးသတ်? -

ဟယ်ယွိက သူမ၏ လက်ကို လက်သီးကျစ်
ကျစ်ဆုပ်လိုက်ပြီး ယဲ့ရွှင်၏ နံဘေးသို့ သွား
ကာ ညင်သာသောလေသံဖြင့် မေးလိုက်သ
ည်။

"သူနဲ့ ဘာတွေ ပြောနေတာလဲ?"

"သိပ်အများကြီးတော့ မဟုတ်ပါဘူး။ဒီတိုင်း
ကြုံရာကျပန်း စကားနည်းနည်းပါးပါးပေါ့။
ဘယ်ကလာတာလဲလို့ မေးတယ်"

ယဲ့ရွှင်က ပြန်ဖြေပေး၏။

"ပထမဆုံး စစတွေ့ချင်းဆိုတော့ ညီမရုပ်ကချုံချင်းက လူနဲ့ မတူလို့နေမယ်"

ဟယ်ယွိ ပြုံးလိုက်မိသည်။

ဆိုင်အတွင်းဘက်ရှိ ကျန်းယွမ်က ဟယ်ယွိကိုလှမ်းခေါ်ကာ သူမ ယခုဝတ်ထားသော အတ်
အစားနှင့်ပတ်သတ်၍ အထင်အမြင်ကို မေးလာလေသည်။ထို့အတွက် ဟယ်ယွိလည်း ယဲ့ရွှင်ကို ဘာမှ ဆက်မမေးတော့ဘဲ ထွက်လာလိုက်သည်။

သူတို့ စျေးဝယ်ထွက်ခြင်း ပြီးဆုံးသွားသည့်
အချိန်မှာ မွန်းတည့်ချိန်ပင် ရောက်နေလေပြီ။
ကျန်းယွမ်က လေးလွှာတွင် ရှိသော စားသော
က်ဆိုင်၌ နေ့လည်စာ စားရန် ဖိတ်ခေါ်လာ၏။

နေ့လည်စာ စားနေစဥ်မှာတွင်ပဲ ကျန်းယွမ်၏
အလုပ်က စာပို့လာသည်။သူမ၏ အားလပ်ရ
က်မှာတောင် ကုမ္ပဏီက အနားမပေးပေ။ထု
တ်ကုန် တစ်ခု၏ ပြသနာကို စစ်ဆေးပေးရန်
အတွက် နောက်တစ်နေ့ နံနက်၌ အလုပ်သို့
စောစောပြန်လာရန် ဒါဇင်နှင့်ချီသော စာများ
ကို ကုန်ပစ္စည်းဋ္ဌာနမှ ပို့လာခြင်း ဖြစ်သည်။ထိုပြသနာဟာ အတော်လေး ခေါင်းကိုက်စရာဖြစ်ပြီး နောက်ထပ် ရက်သတ္တပတ်လုံးအထိမအားတော့ဖို့ များသည်။

သူမ ထင်သည့်အတိုင်း ဖြစ်ခဲ့သည်။ဟယ်ယွိ ၏ မွေးနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့တွင်"ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ"ဟူသော စာနှင့် အ
ခြား စာတို အနည်းငယ်ကိုသာ ပို့လာ၏။

မွေးနေ့တွင် ဟယ်ယွိသည် အစ်ကိုဖြစ်သူထံမှဖုန်းတစ်ကောလ် လက်ခံရရှိခဲ့ပြီး သူမ၏ မွေး
နေ့ပွဲ ပြုလုပ်ရန် အိမ်သို့ ပြန်လာလိုက်သည်။

ကိတ်မုန့်ခွဲခြင်းနှင့် ညစာစားပြီးနောက် မိခင်
ဖြစ်သူက သူမကို အိမ်တံခါးဝအထိ လိုက်ပိို့
ပေးလေ၏။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now