10(U+Z)

2.5K 231 0
                                    

- အပြာရောင်နှင်းဆီပွင့်များ-

ရုပ်ရည်ချောမောပြီး နူးညံ့ကြင်နာတတ်သော
အသွင်အပြင်ရှိသည့် အမျိုးသမီးသည် လူင
ယ်များအကြားတွင် အလွန်ရေပန်းစားလှ၏။
ဆိုင်စဖွင့်ချိန်ထဲက လူတော်တော်များများက ဟယ်ယွိကို သဘောကျကြောင်း ဝန်ခံခဲ့ကြဖူးသည်။တစ်ခါတစ်ရံတွင် အချိန်တစ်ပတ်
အတွင်းမှာတောင် ဖွင့်ပြောသူ နှစ်ဦးလောက်
တော့ ရှိတတ်သည်။ထိုတက်ကြွပြီး အားမလျှော့သော ကျောင်းသားများက ဟယ်ယွိ အ
တွက်တော့ စိတ်ဒုက္ခရောက်စရာ ဖြစ်ခဲ့သည်။

ပိုက်ဆံရှာရန် ဖွင့်လှစ်ထားသည့် ဆိုင်တစ်ဆို
င် ဖြစ်သည့်အလျှောက် customerများကို ရို
င်းပျစော်ကားဖို့ရန်လည်း မဖြစ်နိုင်ပေ။သို့ဖြ
စ်ရာ ဟယ်ယွိလည်း ဖွင့်ပြောလာသူများကို
အေးဆေးတည်ငြိမ်သော နည်းလမ်းမျိုး သုံး
၍ ဖြေရှင်းခဲ့သည်။အချို့ပါးနပ်သူများက
တော့ တစ်ခါဖွင့်ပြောပြီးသည်နှင့် လက်လျော့သွားကြပြီး အချို့ကတော့ အငြင်းခံရပြီးနော
က် ပိုပြီးတောင် သတ္တိရှိပြီး ရဲတင်းလာကြသ
ည်။

လူတစ်ယောက်ကို ပိုးပန်း​ခြင်းက ထိုလူ၏ စိ
တ်ပိုင်းဆိုင်ရာ ခံစားချက်ကို အကဲစမ်းရာလ
ည်း ရောက်သည်။လူတစ်ယောက်က အခြားသူတစ်ယောက်ရဲ့ ဦးစားပေးမှုကို နားလည်ပေးနိုင်ရင် ဘယ်လောက်တောင် ကောင်းလို
က်လေမလဲ။

ဟယ်ယွိကတော့ အမြဲတမ်း အေးအေးချမ်းချ
မ်း ဖြတ်သန်းရတာကိုပဲ ဦးစားပေးတတ်သည့်လူမျိုးဖြစ်သည့်အလျှောက် တခမ်းတနား
ကြီးကျယ်သော လက်ဆောင်များဖြင့် အရူးအမူးအချစ်များနှင့် နှိုင်းယှဉ်လျှင် သမားရိုး
ကျ အေးချမ်းတည်ငြိမ်သော ဖွင့်ဟဝန်ခံခြင်းကိုသာ ပိုသဘောကျ၏။

လွန်ခဲ့သော စနေနေ့က ခရမ်းရောင်ကျူးလစ်
ပန်းစည်းကြီးနှင့်အတူ ကောင်လေးတစ်ယော
က် ဆိုင်သို့ ရောက်လာခဲ့သည်။ဟယ်ယွိက
ထိုကောာင်လေးကို သူမတွင် ချစ်သူရှိကြော
င်း ရှင်းပြခဲ့သည်။

ထိုအချိန်တုန်းက ဆိုင်တွင် ယဲ့ရွှင် ရှိမ​နေခြင်းကြောင့် အနှီကောင်လေးက ဟယ်ယွိ အမှန်ပြောနေသည်ဟု မထင်ဘဲ ဆင်ခြေတစ်ခုပေး
လိုက်ခြင်းဟုသာ ထင်မှတ်သွားပုံရသည်။ထိုကိစ္စပြီးနောက် သူက ဆိုင်ကို နှစ်ခါတိတိ ထပ်လာခဲ့သည်။။အလွန်တိုက်ဆိုင်စွာဖြင့် သူလာသော နှစ်ခေါက်စလုံးတွင် ယဲ့ရွှင်က ဆိုင်မှာရှိနေခဲ့၏။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now