16(U+Z)

2.1K 200 2
                                    

-မိဘများနှင့်တွေ့ဆုံခြင်း-

ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့အဲ့ဒီလိုလူမျိုးက
ယဲ့ရွှင်ကအဖေဖြစ်နေလိမ့်မယ်လို့ဟေးယွိ
ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။

ယဲ့ရွှင်ကထိုလူအား"ဖေဖေ"ဟုအရင်ခေါ်
လိုက်ပြီးနောက်သူမဘေးတွင်လာရပ်သည်။
ရုတ်တရက်ဆန်လှသောအခြေအနေကြောင့်
ဟေးယွိတစ်​ယောက်တုံ့ဆိုင်းသွားခဲ့ပေမယ့်
တစ်ဖက်လူကိုနှုတ်ဆက်ဖို့တော့သတိရသေး
၏။

ယဲ့ရွှင်ရဲ့အဖေကဟေးယွိထင်ထားတာထက်
တောင်ပိုပြီးကြင်နာတတ်သေးတယ်။တန်ဖိုး
ကြီးတဲ့အဝတ်အစားတွေဝတ်ထားပေမယ့်
မမောက်မာဘူး။သူကချန်တုသို့အလုပ်ကိစ္စဖြင့်ခရီးသွားရာမှယဲ့ရွှင်ကိုတွေ့ရန်အတွက်ချုံချင်းကိုပါဝင်ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မနက်အစောပိုင်းထွက်သောလေယာဥ်ဖြင့်
လာခြင်းဖြစ်ပြီးယဲ့ရွှင်ကိုယ်တိုင်လည်းသူ့
အဖေသူ့ကိုတွေ့ဖို့လာခဲ့မှန်းကိုညနေလေးနာ
ရီလောက်တွင်စာဝင်လာမှသိသည်မို့ဟေးယွိ
ကိုပြောပြဖို့မစဥ်းစားမိခဲ့ဘူး။သူ့အဖေနဲ့
အမြန်တွေ့ပြီးထမင်းစားဖို့ရည်ရွယ်ခဲ့ပေမယ့်
အဖေဖြစ်သူနဲ့သူရဲ့ချစ်သူကိုဒီမှာတိုက်တိုက်
ဆိုင်ဆိုင်လာတွေ့ရမယ်လို့သူမထင်ခဲ့မိပေ။

အသိပေးချက်နှင့်ပြင်ဆင်ထားမှုလည်းမရှိ
သည့်အတွက်သူမချစ်သူ၏မိဘနှင့်တွေ့ရခြင်းကိုဟေးယွိစိတ်လှုပ်ရှားနေခဲ့မိသည်။

ယဲ့ရွှင်ရဲ့အဖေကရွှင်လန်းတက်ကြွပြီးစကား
ပြောကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်။
အသက်ပိုငယ်တဲ့အမျိူးသားကဆိုပိုပြီးတော့တောင်စကားပြောကောင်းသေးတယ်။ထိုအ
မျိုးသားသည်ယဲ့ရွှင်အဖေ၏အတွင်းရေးမှုးပင်။

ညစာစားရန်သူတို့လေးဦးစလုံးရိုးရာဟော့ပေါ့ဆိုင်သို့သွားခဲ့သည်။

ဟေးယွိအစကတော့သူတို့ကိုပေကျင်းစတိုင်လ်ဟင်းလျာတည်ခင်းတဲ့ဆိုင်ကိုခေါ်သွားချင်
ပေမယ့်ယဲ့ရွှင်ရဲ့အဖေကတော့ချုံချင်းကထူး
ခြားတဲ့လက်ရာနဲ့ဟင်းပွဲတွေကိုပဲမြည်းကြည့်
ချင်တယ်လို့ပြောခဲ့တယ်။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now