3(U+Z)

4K 340 1
                                    

- ကိုယ်တိုင်လုပ်ရှောက်ဖျော်ရည် -

" ဟုတ်တယ် စာလုပ်ရတာ မနှစ်က ပိုလွယ်
တယ်"

"စာသင်နေတဲ့အချိန် ဆရာတွေ ပြောတာကို
သေချာ နားထောင်ပြီး မရှင်းတာတွေကို ပြန်
မေးဖို့လည်း မမေ့နဲ့နော် အဲ့တာက စာသင်နှစ်ကုန်ခါနီး အချိန်ကျရင် အထောက်အကူဖြစ်ပြီး အသုံးဝင်လာလိမ့်မယ် "

ယဲ့ရွှင်၏ ညှပ်ရိုးပေါ်က မှည့်စက်လေးကို ကြ
ည့်နေရာမှတဆင့် အကြည့်တို့ကို ပြန်လည်ဖယ်သွေရင်း ဟယ်ယွိတစ်ယောက် သင်ခန်း
စာ ပို့ချလိုက်၏။

" အင်းပါ "

" မင်းက အင်ဂျင်နီယာဋ္ဌာနကလား? "

စက်၏ဘောင်အချို့ပုံအား ကွန်ပျူတာဖြင့်
ယဲ့ရွှင် ဆွဲနေခြင်းကို ဟယ်ယွိ တစ်ခါတုန်းကအမှတ်မထင် တွေ့ ခဲ့ဖူးသည်။ဆိုင်အနီးအနားတွင် ရှိသော C University သည် ထိပ်တန်းစက်မှုအင်ဂျင်နီယာကျောင်း ဆယ်ကျောင်းထဲတွင် တစ်ကျောင်း အပါအဝင်ဖြစ်၏။

သို့​​ဖြစ်ရာ ယဲ့ရွှင်သည်လည်း ထိုမေဂျာ၌ သ
င်ယူနေသော ကျောင်းသူတစ်ဦး ဖြစ်လိမ့်မည်ဟု ဟယ်ယွိ ခန့်မှန်းလိုက်ခြင်းဖြစ်သည်။

" ဟုတ်တယ် စက်မှုအင်ဂျင်နီယာဋ္ဌာနက "

" ဝိုး....အဲ့တာကတကယ်မိုက်တယ် "

ဟယ်ယွိက ဆက်ပြောလိုက်၏။

"ဟုတ်ပြီ...ခနလောက်တော့ စောင့်ပေးနော် ဒီဟာကိုtable 3ဆီပို့ပြီးရင် မင်းရဲ့ orderကို လု
ပ်ပေးမယ်"

" အလျင်မလိုပါဘူး "

ဟယ်ယွိ orderသွားပို့တာကို ကြည့်ရင်း ယဲ့ရွှ
င်က ပြန်ဖြေလာခဲ့သည်။

ဟယ်ယွိ ကောင်တာသို့ ပြန်ရောက်လာပြီး
ယဲ့ရွှင်၏ ကော်ဖီကို စဖျော်ရန် ပြင်လိုက်စဥ်
တွင် ကောင်တာအောက်၌ တင်ထားသည့် ဖန်
ပုလင်းအပြည့် ဖျော်ထားသော ရှောက်ဖျော်ရ
ည်ဆီအကြည့်ရောက်သွားတော့သည်။

ဟယ်ယွိက သူ့စိတ်သဘောအရဆိုလျှင် ကော်ဖီထက် ရှောက်ဖျော်ရည်ကိုသာ ပိုနှစ်သ
က်သူဖြစ်၏။အထူးသဖြင့် ရာသီဥတုပူသော
နေ့မျိုးတွင် ထိုရှောက်ဖျော်ရည်အား ဖန်ပုလ
င်း1လုံးစာ(သို့)2လုံးစာလောက်ကို ကြိုဖျော်
ထားလေ့ရှိသည်။

နွေးထွေးမှုတို့လွှမ်းခြုံရာရပ်ဝန်းငယ်[completed]Where stories live. Discover now