July 2015
ထူးထူးသော် စာကြည့်တိုက်ထဲက ထွက်တာနှင့်
သည်းသည်းမဲမဲ ရွာချလာသော မိုးများက
အငြိုးတကြီး...၊ ဒီနေ့မှ ထီးလည်း မပါခဲ့... ။စာကြည့်တိုက် ပေါ်တီကိုအောက်မှာ တစ်ယောက်ထဲ
ရပ်ရင်း မိုးရေထဲ ပြေးရင်ကောင်းမလား ၊
မိုးတိတ်တာစောင့်ရင် ကောင်းမလား
စဉ်းစားနေချိန်တွင်.....ထူးထူးရပ်နေတဲ့ နေရာရဲ့ ဘေးကို တစ်ခုခု
ကျသွားသော အသံကြားသဖြင့် ကြည့်လိုက်တော့
ထီးလေး တစ်ချောင်းဖြစ်နေသည်။
ထီးက ပြုတ်ကျလာခြင်း မဟုတ်ပဲ
လူတစ်ယောက်က တမင် ချပေးလိုက်ခြင်း
ဖြစ်တာကြောင့် ၊ ထိုချပေးလိုက်သော လူကို
ထူးထူး လှမ်းကြည့်လိုက်တော့၊ သူက မိုးကာအင်္ကျီ
အနက်ရောင်လေးတွင်ပါသော ခေါင်းစွပ်အား
စွပ်ထားသည့်အပြင်၊ လျှာထိုးဦးထုပ်ကိုပါ
ခပ်ငိုက်ငိုက် အတွင်းက ဆောင်းထားတာကြောင့်
သူ့မျက်နှာကို သေချာမမြင်ရ...။ပိုဆိုးတာက ၊ သူက ထီးကို ချပေးပြီးပြီးချင်း၊
ထူးထူး နားမှာတောင် ရပ်မနေတော့ပဲ ရှေ့သို့
ထွက်သွားလေသည်။ ပြီးနောက် သူ၏ ငိုက်နေတဲ့
ဦးထုပ်ကို ပိုငိုက်အောင် လုပ်လိုက်ချိန်တွင်
မြင်လိုက်ရသော လက်ဖျံမှ ထင်ရှားတဲ့ အမဲရောင်
တက်တူးအသေးလေး တစ်ခုက ထင်းခနဲ။
ထိုတက်တူးလေးကိုတော့ ထူးထူး
သေချာမြင်လိုက်ရသည်။"M....?."
သူက မိုးရေထဲသို့ မထွက်ခင် ထူးထူးဘက်ကို
တစ်ခြမ်းသာ လှည့်ကာ ပြုံးပြသွားသော ဘာနဲ့မှ
မတူတဲ့ အပြုံးလေး တစ်ခု..။ ပါးတစ်ဖက်မှာ
အချိုင့် လေးပေါ်အောင် ပြုံးနိုင်သော ထိုသူက
ခဏတွင်းချင်းမှာပင် ထူးထူးအတွက် ရင်ခုန်မှု
တစ်သက်စာ ပေးသွားခဲ့လေသည်။သူ ထူးထူးကို ကျောခိုင်းကာ မိုးရေထဲသို့
ပြေးသွားပြီး ကားတစ်စီးပေါ်သို့ အမြန်တက်သွားချိန် သူ၏ နောက်ကျောလေးကိုသာ အယောင်ယောင်
အမှားမှားလိုက်ငေးကြည့်နေမိသည်။သူထွက်သွားတော့မှ ဘေးတွင် သူချခဲ့သော
ထီးလေးကို ကြည့်ပြီး ထူးထူး တစ်ယောက်ထဲ
တွေဝေစွာကျန်ခဲ့သည်။
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်