အသူရာ ပြောခဲ့သလိုပင် အာဏာမင်းဆက်
ခေါ်လာတာ စားသောက်တစ်ခုထက်ပိုလေသည်။ဟိုတယ်ကြီးတစ်ခု၏ အပေါ်ဆုံးထပ်တွင် ရှိသော
ဆိုင်ကြီးတစ်ခု...၊ ခမ်းနားချက်က မြင်မကောင်း... ၊
ကိုယ့်ဝတ်လာသော အဝတ်အစားနှင့် ကိုယ့်ကိုကိုယ်
သိမ်ငယ်သလိုတောင််ဖြစ်လာမိသည်။"seafood စားတယ် မလား... နှစ်ယောက်လုံး....?"
ထူးထူးရော အသူရာကော သူနှင့်
မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်ချိန်တွင်
သူက လှမ်းမေးတော့...."ဟုတ်... စားတယ် အကို.... အကုန်စားတယ်...."
ဟူ၍ အသူရာက ဟန်မဆောင်ပဲ
ပွင့်လင်းစွာပြောလိုက်သည်။စားပွဲထိုးလေး လာပေးသော menu စာအုပ်ကို
အာဏာမင်းဆက်က လှမ်းယူလိုက်ပြီး၊
သူ့ဘာသာ ကြည့်ကာ မှာစရာရှိတာများကို မှာသည်။"ထူးထူးတို့ သောက်စရာတော့
ကိုယ့်ဘာသာ မှာလိုက်နော်...."အာဏာမင်းဆက်က ထူးထူးတို့ထံ menu
စာအုပ်ကြီး ထိုးပေးတော့ ထူးထူး လှမ်းယူလိုက်ပြီး.
ဟိုလှန် ဒီလှန် ကြည့်သော်လည်း ထူးထူးတို့
သောက်နေကြအရာ တစ်ခုမှ မတွေ့ပေ။
ဘာတွေမှန်းကို မသိ၊ နားလည်း မလည်..။
အသူရာ့ကို မျက်စပစ်ပြလိုက်ပီး စာအုပ်ကြီး
ထိုးပေးလိုက်သည်။အသူရာက menu စာအုပ်ကို ကြည့်ပြီး ဟန်ပါပါနှင့်...
"ဒါလေး နှစ်ခွက်ပေးနော်..."
ဟူ၍ ထူးထူး မသိသော အအေးတစ်ခုကို
ထောက်ကာ မှာလိုက်သည်။နေရခက်လွန်းလှသည်။
ဒီလို ဆိုင်၊ ဒီလို အစားအစာတွေနဲ့ ထူးထူး
ဘယ်လိုမှအသားမကျ။ တိတ်ဆိတ်နေတဲ့
ဆိုင်အတွင်းမှာ paino တီးလုံးသံလေး
တစ်ခုကိုသာကြားရသည်။ အရမ်းကို အရှိန်အဝါ
ကြီးလွန်းသည်ဟု ခံစားနေရသည်။ထူးထူးက အရင်တည်းက ပုံမှန်ဆိုင်တောင်
သိပ်မထိုင်ဖြစ်၊ ပိုက်ဆံကို အလဟာသ
သိပ်ဖြုန်းလေ့မရှိသူ တစ်ယောက် ဖြစ်သည်။စားစရာတွေ ရောက်လာတော့ ပင်လယ်စာတွေ
ဂဏန်းတွေဖြစ်သောကြောင့် လက်အိတ်စွပ်ကာ
လက်နှင့် ပယ်ပယ်နယ်နယ် ဖဲ့စားခွင့် ရသဖြင့်
စားရတာ သိပ်မခက်လှ။
သူကလည်း ထူးထူးတို့နှစ်ယောက်လုံးကို
ဟိုဟာလေး ထည့်ပေးလိုက်
ဒီဟာလေး ထည့်ပေးလိုက်နှင့် ဆိုတော့
နေရတာလည်း နည်းနည်း အဆင်ပြေလာသည်။
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်