[3]

610 84 0
                                    

ဘယ်သူ့အစီအမံမှန်း မသိပေမဲ့ တောင်ပေါ်တွင် ကျွန်တော်တို့ လေးယောက် တဲတစ်ခုရသည်။ အစ်ကိုနှစ်ယောက်ကဖြင့် ရောက်ကတည်းက ပြန်ထွက်သွားကြတာ ပေါ်မလာတော့။

ရွက်တဲထဲတွင် ကျွန်တော်နှင့် chanyeol သာ နား၍ မပြီးနိုင်ဖြစ်နေသည်။ တစ်ကိုယ်လုံး ညောင်းကိုက်နေသည်မှာလည်း တစ်ချက်လေးမှပင် မလှုပ်ချင်။

Chanyeol က အင်္ကျီအသစ်တစ်ထည် ထပ်လဲကာ အင်္ကျီအဟောင်းကို လွှင့်ပစ်လိုက်ပြန်သည်။

"အဲဒါ jongdae hyung အင်္ကျီ မဟုတ်ဘူးလား"

"ငါ့ ဟာပါ... သူ့အင်္ကျီက ငါနဲ့ တော်ပါ့မလား"

"Hyung အိတ်ထဲက ထုတ်လိုက်တာပါ"

"သူက အဲလိုပဲ... ငါ့အတွက် အင်္ကျီတွေ အပို ိုယူလာတတ်တယ်"

"chanyeol..ah ငါ တစ်ခု သိချင်လို့"

"ဟင်...ပြောလေ"

"မင်း တို့က... မဟုတ်ဘူး... မင်းက စီနီယာတွေနဲ့ သိနေတာလား"

"အင်း...သူတို့နှစ်ယောက်နဲ့ပဲ သိတာပါ"

"သြော်.... သူတို့လည်း ကျောင်းသားအသစ်တွေပဲလား"

chanyeol က ကျွန်တော့့်အနား ကပ်လာပြီး ကျွန်တော့်ကို သေချာကြည့်သည်။

"ဖြစ်နိုင်ပါ့မလား... ဘာလို့ အဲလောက်ရိုးရိုးကြီး တွေးလိုက်တာလဲ"

"ငါ မသိလို့ မေးတာလေ"

"အင်း... မင်းကို ပြောပြမယ်... သူတို့နှစ်ယောက်နဲ့ ငါက ငယ်ငယ်ကတည်းက အတူတူ... တစ်ကျောင်းတည်း တက်လာတာ... လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူတို့ကျောင်းပြောင်းသွားတာ... ငါ အခုမှ စုံစမ်းရလို့  လိုက်လာတာ"

သြော်....အဲဒါကြောင့် သူတို့က အရမ်းရင်းနှီးနေတာကိုး....

"ဒါဆို ငယ်ငယ်ကတည်းက အတူတူပေါ့... မင်းက jongdae hyung ကို"

chanyeol က သူ့နေရာသူ ပြန်ထိုင်သွားသည်။

"ငါ ဒီကျောင်းကို ဆိုးလ်ကနေ လာတက်တာ... မင်း သိလား...ငါ jongdae hyung နဲ့ အတူဆိုတာ အိမ်ကသိရင် နှင်ချမလား မသိဘူး"

"ဘာလို့လဲ"

chanyeol က မချိပြုံးပြုံးသည်။

Your Smile (Unicode)Where stories live. Discover now