အလုပ် စောစောပြီး၍ အစ်ကို့ဆီ ဖုန်းခေါ်တော့ အစ်ကိုက ဖုန်းမကိုင်။ သူ့ ကပွဲအတွက် အသည်းအသန် ကြိုးစားနေတာလေ။
နင့်နင့်နဲနဲ သတိရနေသည်မို့ အစ်ကို့ အကသင်တန်းဆီ ဦးတည်လိုက်သည်။ ရောက်မှ ဖုန်းထပ်ဆက်မည် အတွေးနှင့်။
ကျွန်တော် မကြာခဏရောက်နေကျ အကသင်တန်း အဆောက်အဦးလေးမှာ လူများစွာ၊ ကားများစွာ ရှုပ်ထွေးနေသည်။
ဘာလဲ.....ဒီနေ့ ကပွဲနေ့တော့ မဟုတ်ပါဘူးနော်။ အစ်ကိုက ကျွန်တော့်ကို ဘာမှပြောမထားဘူး။
လ အတော်ကြာသည်အထိ အဆောက်အဦးအတွင်း မဝင်ဖူးခဲ့ဘဲ အခုမှ ခြေထောက်တွေက အလိုလို.....
လက်ကလည်း အစ်ကို့ဖုန်းကို အဆက်မပြတ် ခေါ်လျက်သား....."ကျွန်မ ဘာကူညီပေးရမလဲ"
ရွှေဝါရောင် ဆံနွယ်တွေနှင့် အမျိုးသမီးက ဖော်ရွေစွာ မေးလာသည်။ အစ်ကိုက လုံးဝဖုန်းမကိုင်။
"ကျွန်တော် အစ်ကို့ကို....kim jongin ကို လာရှာတာ....ဒီနေ့ ကပွဲနေ့တော့ မဟုတ်ပါဘူးနော်"
"ဟုတ်တယ်လေ...ဒီနေ့ ကျွန်မတို့ သင်တန်းကျောင်းရဲ့ ကပွဲနေ့....kim jongin ဆိုတာက...."
"အင်း...ဟို...kim jongin လေ"
"အား....kai ကို ပြောတာလား....ဟုတ်တယ်နော်...ရှင် သူ့ကို လာကြိုတာ ကျွန်မတွေ့ဖူးတယ်"
Kai ? ?
"ကြွပါ....VVIP ပဲ....kai က ဧည့်သည်တစ်ယောက် ဖိတ်ထားတယ်လို့တော့ ပြောပါတယ်...kim...ဆောရီး...ကျွန်မ မေ့သွားလို့"
"အာ...မဟုတ်ဘူး....ကျွန်တော်က သူဖိတ်ထားတဲ့ ဧည့်သည်မဟုတ်ဘူး"
စူးစမ်းသလို မျက်ဝန်းတွေကို စိတ်ညစ်လာသည်။
"ကျွန်တော်က ဒီအတိုင်း အစ်ကို့ကို လာရှာတာ...ကပွဲက စတော့မှာလား"
"ကပွဲက စနေပြီလေ....kai က main ဆိုတော့ နောက်ဆုံး အစီအစဉ်ပဲ....သူ့ကို ခေါ်ပေးရမလား...သူ မအားလောက်ဘူး ထင်တယ်...စောင့်ရင်းနဲ့ ခဏလောက် ကပွဲ ကြည့့်သွားပါဦးလား"
ဘာလုပ်ရမှန်း ရုတ်တရက် ဝေခွဲမရ။ အစ်ကိုက သူ ဒီလောက် အလေးထားတဲ့ပွဲကို ကျွန်တော့်ကို ပြောသင့်တယ် မဟုတ်ဘူးလား။ သူက ဧည့်သည်တစ်ယောက်ပဲ ဖိတ်ထားတာဆိုတော့ ဘယ်သူများ........
YOU ARE READING
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world