ဆရာထွက်သွားမှ ခေါင်းထောင်လာသော chanyeol က တကယ်အိပ်ပျော်နေတာ မဟုတ်မှန်း ကြည်ကြည်လင်လင် သူ့မျက်ဝန်းတွေက ပြောပြနေသည်။
"အိပ်ချင်တာလည်း မဟုတ်ဘဲနဲ့....မင်း ဘာလို့ စာလိုက်မကြည့်တာလဲ"
"ငါ ဒီနေ့ hyung ကို သွားတွေ့မလို့"
"ဟမ်...အဲဒါနဲ့ အခုလို အိပ်နေရောလား"
"ဒါ လှည့်ကွက်လေ...ငါ ခေါင်းမူးနေလို့ စာတွေ မလိုက်နိုင်လို့...hyung ဆီ စာသွားမေးမှာ"
ကျွန်တော် မျက်ခုံးပင့်မိသည်။ ခရီးတို ထွက်ပြီးကတည်းက ကျွန်တော်လည်း အစ်ကိုနဲ့မတွေ့တာ ကြာနေပါပြီ။ သူ့လိုတော့ အကြံမထွက်ခဲ့။
"ဒါဆို ငါရော...စာလိုက်မေးမယ်လေ"
"မင်းက ဘာလိုက်ရှုပ်မှာလဲ"
"ငါက ငါ့အစ်ကိုကို မေးမှာပါ"
"Jongin hyung ?....သူ့ကို ဘယ်သူက စာလာမေးမှာလဲ....ခွီး"
"ဘာလို့လဲ"
"မင်း သူ့ကို မေးချင်ရင်တော့ ဂိမ်းအကြောင်းတို့ ဘောလုံးအကြောင်းတို့ သွားမေးပေါ့...သြော...ပြီးတော့ အကအကြောင်း"
ဝိုး...အစ်ကိုက အကလည်း တတ်တယ်လား။ သူ ဘယ်လိုမျိုး က ပါလိမ့်။
"သွားတော့မယ်"
"Yeol...နေဦးလေ...အခု သွားမှာလား...နေ့လည်စာ မစားတော့ဘူးလား"
"ငါ့ hyung နဲ့ စားမှာ"
chanyeol က ကျွန်တော့်ကို လှည့်တောင် မကြည့်တော့။
ရုတ်တရက်ကြီး တစ်ပတ်ကျော်လောက် ငြိမ်လာသော နှလုံးခုန်သံက မြန်လာသည်။ သတိရလိုက်တာ။ အစ်ကို ဘယ်မှာများလဲ။ အစ်ကိုက တစ်ပတ်စာလောက် နွေးထွေးပေးပြီးလျှင် ဆယ်ရက်လောက် ပျောက်သွားတတ်သည်။
အစ်ကို့အတန်းဘက် လမ်းလျှောက်ထွက်ခဲ့သည်။ ထို့နောက် စာကြည့်တိုက်၊ ဘောလုံးကွင်း၊ ကဲန်တင်း။ အစ်ကို ကျောင်း မလာတာများလား။
ထမင်းစားချိန်လွန်၍ ပထမအချိန်ပင် တစ်ဝက်ကျော်နေပြီ။ ကျွန်တော် ဗိုက်မဆာ၍ ပဲနို့တစ်ဗူးသာ ဝယ်လိုက်သည်။ ကဲန်တင်းက လူရှင်းလျက်။
YOU ARE READING
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world