[10]

491 71 0
                                    

မနက်မိုးလင်းတော့ မျက်လုံးဖွင့်မိမိချင်း တွေးမိတာ အစ်ကိုညက ဘယ်အချိန် ပြန်အိပ်သလဲ........

မထင်ရဘူး မလား။ ကျွန်တော် ညက ကောင်းကောင်း အိပ်ပျော်သွားတယ်လေ။

"sehun လေး...ဒီနေ့ သွားစရာရှိ"

"ကျွန်တော် ပြန်မယ်...ဒီနေ့ ကျောင်းတက်ရမယ်"

မြို့ငယ်လေးကို ပြန်သည့်လမ်းတစ်လျှောက် ညက အစ်ကို့ပုံရိပ်သာ တစ်ဝဲလည်လည်....
အဲဒီ မိန်းကလေးက ဘာလဲ.....
ကျွန်တော် မသိချင်လည်း သိရမှ ဖြစ်မယ်။

ဆရာမကို ခွင့်တောင်းကာ စာသင်ခန်းထဲ ဝင်တော့ chanyeol က အနားတိုးကပ်ပြောသည်။

"မင်း နှစ်ရက်ပျက်မှာဆို"

"အင်း...ဒီလိုပဲ ဖြစ်သွားတယ်"

နှစ်နာရီလောက် ငြီးငွေ့စွာ ထိုင်ရပြီးမှ chanyeol နှင့် စကားကောင်း ပြောရသည်။

"ဆံပင် အညိုရောင်ရှည်ရှည်နဲ့ မိန်းကလေးက ဘယ်သူလဲ"

chanyeol က ခပ်ကြောင်ကြောင် ကြည့်သည်။

"ဘာလဲ....ငါ ဘယ်လိုလုပ် သိမှာလဲ"

"အစ်ကိုနဲ့ ပတ်သက်တဲ့ တစ်ယောက်လေ"

"သြော....chaeyong noona ? ? "

"သူမက အစ်ကိုနဲ့ ဘယ်လို ပတ်သက်တာလဲ"

"အာ...ငါ သေချာ မပြောပြတတ်ဘူး"

"မင်း နားလည်သလောက် ပြောကွာ"

chanyeol က မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

"Jongin hyung က chaeyong noona ကို ကြိုက်နေတာ...အဲ...အဲဒါထက်တော့ ပိုလေးနက်တယ်...jongdae hyung က ပြောတာတော့ စွဲလန်းနေတာ တဲ့"

"......"

"noona က jongin hyung အမေနဲ့ နည်းနည်း ဆင်တယ်တဲ့...hyung ထက်လည်း အသက်ပိုကြီးတယ်....ဘယ်လိုပြောရမလဲ...သူတို့က ငယ်ငယ်ထဲက အတူတူကြီးလာတာ...အိမ်နီးချင်းတွေ...hyung က noona ကို အရမ်း သံယောဇဉ်ကြီးတာကွာ...သူက အစွန်းရောက်နေတဲ့ ပုံစံမျိုး"

"....."

"Noona အနားက လူတွေဆို ရန်ရှာချင်တယ်...သူက အရမ်းကြီး....အရမ်းကြီး......"

"နားလည်တယ်...ဆက်ပြော"

"အစွန်းရောက်လာတော့ noona အတွက် အဆင်မပြေဘူးပေါ့...noona က ရှောင်ပြေးတော့ jongin hyung က ပိုဆိုးရော"

Your Smile (Unicode)Where stories live. Discover now