[19]

557 64 1
                                    


နေ့ရက်တွေက သာမာန်လိုပင် လည်ပတ်နေခဲ့သည်။ လွမ်းတဲ့အချိန် ဖုန်းဆက်၍ မရရုံ၊ ရုံးဆင်းချိန် သွားတွေ့ခွင့် မရှိရုံ......

ကျွန်တော် အသက်ရှူနေရတာ မပျော်ရုံ....
ဒီလောက်ပါပဲ။

အရာအားလုံးက အရင်အတိုင်းပဲ....

လမ်းခွဲခြင်း ပြဿနာက အထွေအထူး ပြောင်းလဲခြင်း မရှိခဲ့တာ အစ်ကို့စေတနာတွေ ဖြစ်နေမည်လား မသိ။

တကယ်တမ်း ကျွန်တော် မအိပ်စက်နိုင်သည့် အခြင်းအရာက မျက်နှာကို အုပ်၍ ခေါင်းငုံ့ထားသော အစ်ကို့ရဲ့ ပုံရိပ်သာ ဖြစ်နေခဲ့သည်။ မျက်လုံးမှိတ်လိုက်တိုင်း မြင်ယောင်နေမိတာ.....

အစ်ကို ငိုသွားတာလား......
အစ်ကို့ကို ငိုအောင် ကျွန်တော် လုပ်မိခဲ့တာလား..

ထိုမေးခွန်းက ဖြေသူမရှိဘဲ တစ္ဆေတစ်ကောင်လို ကျွန်တော့်အနား ဝဲလည်နေသည်။ အစ်ကို့ကို ထိခိုက်နာကျင်စေသူ ကျွန်တော် မဖြစ်ခဲ့ချင်ပါ။

သို့သော်လည်း.......ဖြစ်ခဲ့ပုံ ရပါသည်။

နေ့တွေက မထူးခြားသလောက် ညတွေမှာ ထိုအတွေးနဲ့ လန့်နိုးတတ်ကာ အိပ်စက်ဖို့ရန် ကြောက်ရွံ့လာသည်အထိ......
minyong က စိတ်ကျန်းမာရေး စစ်ဆေးဖို့ အကြံပေးလာသည်အထိ.....
ကျွန်တော် တိတ်ဆိတ်စွာ ပြိုကျနေခဲ့သည်။

"sehun..."

"ဟင်"

"ဒီကိစ္စတွေအထိ မင်းလုပ်စရာ မလိုဘူးလေ...ငါတို့ လစာ ထုတ်ရတာတောင် ရှက်လာပြီ"

"အားလုံး အတူတူ မျှဝေပြီး အလုပ်လုပ်ကြတာပေါ့"

"ဒီလိုကြီး မနေပါနဲ့...အရမ်းလွမ်းနေရင်လည်း တစ်ခါတစ်လေ ပေါက်ကွဲကြည့်ပါလား....ချက်ခြင်းကြီး ဖြတ်လိုက်ဖို့ မင်းက လူလို စွဲလန်းခဲ့တာမှ မဟုတ်တာ"

"......"

"မင်း....သူ အဆင်ပြေ မပြေ သိချင်နေတာ မဟုတ်လား"

"....."

"ဖြည်းဖြည်းချင်းပေါ့....ညတိုင်း အိပ်ဆေးသောက်နေလို့တော့ မရဘူးလေ"

"......."

"ခဏနေရင် မိန်းကလေး sujin လာလိမ့်မယ်...သူက ဆွေးနွေးစရာရှိလို့တဲ့"

Your Smile (Unicode)Where stories live. Discover now