Final

1.4K 90 13
                                    

"Hun ထတော့"

တိုးဖွဖွလှုပ်နှိုးသံက အစ်ကို့အသံသာ မဟုတ်ရင် ကျွန်တော် မျက်လုံးဖွင့်ဖို့ ခဲယဉ်းပါသည်။

မနက်ခင်းတိုင်းတွင် ယခုလို နွေးထွေးမှုမျိုး အမြဲကြုံရတော့မည်ဟု အတွေးဝင်မိတော့ နှုတ်ခမ်းတွေက အလိုလိုပြုံးရသည်။

"အင်း....ထပြီ"

အစ်ကိုက ကိုယ်လက်သန့်စင်ပြီး......
ကျွန်တော့်ဘေးတွင် ပြုံး၍ ရပ်နေသည်။ သူ ဘယ်အချိန်က အိပ်ယာထသွားမှန်း ကျွန်တော် မသိ။

"အစောကြီး ရှိသေးတာ.....ဒီတစ်ခါ ခဏလေးနဲ့ ရောက်မှာကို"

"ဟင့်အင်း....ပိုတောင်ကြာဦးမှာ....စောစောသွားမှ"

"အစ်ကို....chanyeol တို့ ညက တကယ် မအိပ်ဘဲ စကားပြောနေကြတာလား"

"သူတို့ အခုမှ ပြန်လာကြတာ....အပြင်သွားကြတယ် ထင်တယ်....hun မျက်နှာသစ်ခဲ့နော်....ကိုယ် မနက်စာ သွားပြင်မလို့"

ကျွန်တော့်ဘေးမှာ အစ်ကိုရှိတယ်ဆိုတဲ့ အသိနဲ့...
ရှင်သန်နေသေးတဲ့ မနက်ခင်းတိုင်းဟာ အဓိပ္ပါယ်တွေ ပြည့်နှက်နေခဲ့တာ.........

••••••••••••••••••••••••••

ဒီတစ်ခါ တောင်တက်ခရီးက တစ်မျိုးတစ်ဖုံ....

chanyeol က သူရော ကျွန်တော်ပါ ကျောပိုးအိတ်အကြီးတွေကို လွယ်စေသည်။ ကျွန်တော်တို့ လေးယောက်တည်းဖြစ်၍ ရွက်တဲတွေရော သယ်ရတာ နည်းနည်းတော့ များသည်။

အရင်လို မဟုတ်ဘဲ အစ်ကိုနဲ့ စကားပြောရင်း တက်တော့ အစ်ကိုပြောသလိုပင် ခရီးမရောက်ဘဲ ပိုကြာသည်။

chanyeol က ချွေးထွက်လွယ်သူဖြစ်၍ မောပန်းနေပုံပေါ်သော်လည်း သူ အတက်ကြွဆုံးဖြစ်သည်။ ကြည်လင်စွာ တောက်ပနေသော အခု သူ့ပုံစံသည် ကျွန်တော် ရင်းနှီးခဲ့သမျှတွေထဲမှာ အလှဆုံး.......

ချစ်မေတ္တာတွေ ပြည့်နှက်သော မျက်နှာက ကမ္ဘာပေါ်မှာ အလှဆုံး မဟုတ်လား...

ကိုယ်တိုင်က ချွေးတွေရွှဲနေရက်နဲ့........
အေးအေးသက်သာ လမ်းလျှောက်နေသည့် jongdae hyung ကို ကူတွဲနေသော chanyeol......

Your Smile (Unicode)Where stories live. Discover now