[20]

632 68 0
                                    

ကျွန်တော် အိပ်နေနိုင်မယ်လို့ အစ်ကိုက ဘယ်လိုများ ထင်ပါလိမ့်.....

ဒါပေမဲ့လည်း အိပ်မှ ဖြစ်မည်။ အစ်ကို့အကြောင်းသံသရာထဲ မနစ်ဝင်ချင်သေးပါ။ ဆုံမိကြလျှင် ဘာဖြစ်သွားမည်လဲ မပြောနိုင်တာ.....

မနက် ၈ နာရီ။

ကျွန်တော် မျက်လုံးမှိတ်ပြီး စောင်ခြုံကာ အိပ်နေသည်။ minyoung က တံခါးဖွဖွခေါက်နေသည်။ ကျွန်တော်မထလျှင် သူ တိတ်တဆိတ် ကုမ္ပဏီသို့ သွားလိမ့်မည်။ ကျွန်တော့် အိပ်ချိန်အတွက် သူ့ခင်မျာ စိတ်သောကရောက်ခဲ့ရသည် မဟုတ်လား။

ခက်တော့လည်း ခက်တယ်။
အစ်ကိုကို့ မယုံသလိုလို ရှိပေမဲ့ အစကတည်းက သူ့ဆီ ပြေးသွားချင်နေတာ ကျွန်တော်ပဲလေ။

ဒါပေမဲ့ မကောင်းဘူး။
ကျွန်တော်က စောင့်ရတာကို သဘောမကျဘူး။

မနက် ၁၀ နာရီထိုးတော့ ကျွန်တော် အိပ်ယာနိုးလာပြီ ထားပါတော့။ အစ်ကို့ဆီ ဖုန်းခေါ်သည်။ သူက ဖုန်းမကိုင်။

အတည်လား၊ မူးနေတာလား မသဲကွဲသည့် သူ့စကားများကို အလေးထားနေသည့် ကျွန်တော်က မှားနေတာများလား။

ဒါပေမဲ့ အစ်ကိုက အဲလို မလုပ်လောက်ပါဘူး။

ကျွန်တော့်ကို သူ ပြောစရာများ ရှိလို့လား။

အတွေးတွေက ဆုံးတော့မည် မဟုတ်သောကြောင့် ရေချိုးခန်းထဲ ဝင်ခဲ့သည်။ ပြန်ထွက်လာပြီး အစ်ကိုဆီ ဖုန်းပြန်ခေါ်သည်။ မထူးခြား။

ဧည့်ခန်းထဲမှာ ငုတ်တုပ်ထိုင်ရင်း call ကို နှိပ်နေရသည်မှာ ကိုယ့်ကိုယ်ကိုပင် သနားလာသည်။ စောင့်ရတာ သဘောမကျပါဘူးဆို.....

ကားသော့ဆွဲပြီး ချက်ချင်း အစ်ကို့အိမ်ဆီ ထွက်လာခဲ့မိသည်။ မရဘူး။ ဒါ သူ့အမှားပဲ။ ဒီလောက်အထိတော့ မကစားသင့်ဘူး မဟုတ်လား။

မရောက်တာကြာသည့် လမ်းတစ်ဖက်မှာ ကားရပ်လိုက်တော့ အဲဒီညက ပုံရိပ်တွေ ပြန်သတိရသည်။ ကျွန်တော် ကားပေါ်က မဆင်းရဲတော့....

ဆက်တိုက်နှိပ်နေသော ဖုန်း call လေးတွေ ဆယ်ဂဏန်းကျော်လာမှ ကားပေါ်မှ ဆင်းကာ သူ့အိမ်ရှေ့ မတ်တပ်ရပ်မိသည်။ အခုအချိန် မင်း ဘာလို့ ရောက်လာတာလဲ လို့ မေးရင်လည်းဖြေစရာမရှိ။

Your Smile (Unicode)Where stories live. Discover now