[18]

548 64 0
                                    

ကျွန်တော် ဘာကိုမှ မတွေးမိအောင် ကြိုးစားနေသော်လည်း ဘာမှန်းမသိသည့် အရာတွေသာ တွေးနေမိသည်။ တစ်ခုခုကတော့ သေချာပေါက် ရှုပ်ထွေးနေသလိုမျိုး....

"sehun.....sehun"

"ဟင်..."

"ဒါ လက်မှတ်ထိုးပေးရမယ်"

Minyong ပြလာသည့် ဖိုင်ကို ဂရုတစိုက်ဖတ်လိုက်ပြီးမှ......

"အခု ဂျပန်သွားမယ်...အဆင်သင့်ပြင်ပေး"

"ဟင်....မင်းကိုယ်တိုင် သွားစရာမလိုဘူးလေ...ဌာနမှူး ဂျို က အကုန်စီစဉ်ပြီး"

"ငါ ကိုယ်တိုင် သွားမယ်လို့"

ကျွန်တော် တစ်ခုခု လုပ်နေမှကို ဖြစ်မှာပါ။

.........

"ဟဲလို....အစ်ကို"

"အင်း...........hun"

ဖြေလာသည့် အသံက အနည်းငယ်တော့ လေးတွဲ့နေခဲ့သည်။ ပတ်ဝန်းကျင်အသံတွေကလည်း ဆူဆူညံညံ.....

"အစ်ကို အခု ဘယ်ရောက်နေတာလဲ"

"ဘာဖြစ်လို့လဲ...."

"......"

"Jongdae နဲ့ အတူတူရှိနေတာပါ......အင်း....ဒီနေ့ သူ ရာထူးတိုးတယ်လေ...အဲဒါနဲ့ ဆိုင်မှာ"

အစ်ကိုသည် နေရာရွှေ့သွားပုံရသည်။ အသံတွေက တိတ်ဆိတ်သွားသည်။

"အစ်ကိုတို့ နှစ်ယောက်တည်းလား"

"အင်း.......ဘယ်သူပါဦးမယ် ထင်လို့လဲ"

"နှစ်ယောက်လုံး အရမ်းမူးနေရင် ဘယ်အဆင်ပြေပါ့မလဲ....ကျွန်တော်လည်း အခု ဂျပန်ရောက်နေလို့"

ကျွန်တော် ဂျပန်ရောက်နေတာ ၄ ရက်မြောက်။ အစ်ကို ကျွန်တော့်အိမ်မှ မနက်အစောကြီး ပြန်သွားပြီးနောက် ပထမဆုံး ဆက်သွယ်မှု။

"ဟား....ဟား....ကိုယ်တို့က အဆင်ပြေပါတယ်...hun စိတ်မပူပါနဲ့"

"အင်း.....ကျွန်တော်က နောက် ၃ ရက်လောက် ထပ်ကြာဦးမှာ"

"အင်းပါ"

ကျွန်တော်တို့မှာ ဘာမှ ပြောစရာ မရှိကြတော့သလို။ ကျွန်တော် နှုတ်ခမ်းကိုက်ထားမိသည်။ မိနစ်တစ်ချို့ စွန်းလာသည်အထိ တိတ်ဆိတ်နေမှုက ထိတ်လန့်ချင်စရာ....

Your Smile (Unicode)Where stories live. Discover now