ကုမ္ပဏီက အပြန် minyoung မောင်းတဲ့ ကားပေါ်ထိုင်ရင်း.....အစ်ကို့ကို သတိရရင်း.....အစ်ကိုက ကျွန်တော့်ကို မီးခိုးရောင် ကုတ်အင်္ကျီတစ်ထည် လက်ဆောင်ပေးသည်။ ဒါက စိတ်ဆိုးလို့ ချော့တာလား ဆိုတော့....မဟုတ်ဘူး ဒီတိုင်းပေးတာတဲ့။
အခုတလောမှ အစ်ကိုက စက်ဘီးလေးတစ်စီးလည်း ဝယ်ထားပြီး အဲဒါလေးနဲ့ ဟိုသွား ဒီသွား လုပ်နေလေရဲ့။ သူ့စက်ဘီးလေးအကြောင်း အရင်ဆုံးအသိပေးသူက ကျွန်တော်ဖြစ်ခဲ့တာတော့ သီးသန့်ပျော်ရွှင်မှုပေါ့။
"sehun...ငါ ခေါ်နေတာ ကြာလှပြီကွာ"
"ဟင်....အေး...ပြော"
"အန်ကယ်လ်က နောက်အပတ်ထဲက မင်းမွေးနေ့မှာ ပွဲလုပ်မယ်တဲ့....SH Group ရဲ့ တရားဝင် CEO နေရာရော....သူ ထိန်းသိမ်းပေးထားသမျှအကုန်လုံး မင်းကို လွှဲပေးတော့မယ်တဲ့"
"အဲဒါတော့ ငါသိတယ်...ဒါပေမဲ့ ငါ့မွေးနေ့မှာလား"
"ဘာဖြစ်လို့လဲ"
"ဘာမှတော့ မဖြစ်ပါဘူး...အဲဒီနေ့ မလုပ်ချင်လို့"
Minyoung က မကြည်လင်သော်လည်း နားလည်ဟန်ဖြင့်.....
"အန်ကယ်လ်ကို ပြောပေါ့...ဘယ်နေ့လုပ်လုပ် ရတာပဲကို...နေဦး...အချိန်ရပါသေးတယ်...ငါ ဒီမှာ ဝယ်စရာရှိလို့"
သူက ကုန်တိုက်တစ်ခုရှေ့ ကားပါကင်ထိုးပြီး ကျွန်တော့်ကို ခဏစောင့်တဲ့။ CEO လောင်းကို ကားပေါ်ပြန်စောင့်ခိုင်းတဲ့ minyoung က တော်တော်နှင့် ပြန်ပေါ်မလာပေ။
ကျွန်တော် ပျင်းလာသည်နှင့် ကုန်တိုက်ထဲ ဝင်ပြီး လိုက်ရှာရသည်။ ပြောရရင်တော့ ကျွန်တော်က တမင်သက်သက် သွားတွေ့တာကလွဲရင် အစ်ကိုနှင့် အမှတ်တမဲ့ မဆုံတတ်ပါ။ သူပြောသလိုဆိုရင် ကျွန်တော်က မမြင်တာပေါ့လေ။
အခုတော့ တွန်းလှည်းကြီးနှင့် ဈေးဝယ်နေတဲ့ အစ်ကိုက အမြင်ဆန်းစရာ အဖြူဆွတ်ဆွတ် ဘောင်းဘီရှည်အကျပ်နှင့်။ အင်္ကျီကျတော့ အစိမ်းတောက်တောက်ပေါ် ပန်းပွင့်ကြီးကြီးတွေ....ဝတ်ထားပုံက အတော်လေး ဖရိုဖရဲနိုင်လှသည်။
ပြီးတော့ အစ်ကို့လက်တစ်ဖက်နှင့် ပွေ့ထားသော ကလေးငယ်လေးတစ်ယောက်....
YOU ARE READING
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world