[16]

490 68 0
                                    

ကျွန်တော့် ခေါင်းတွေ ပူထူနေသည်။ လမ်းတွေက အခုမှ ပိုကြာနေသလို စိတ်မရှည်နိုင်ဘဲ တစ်ယောက်တည်း ကမ္ဘာပျက်နေရသည်။

Accident.....တဲ့။

ဒီညနေ တွေ့မည်ဟု အစ်ကိုနှင့် မနေ့ညက ဖုန်းပြောခဲ့သည်။ အခုမှ ကျွန်တော့်ဖုန်းကို မကိုင်သူက car accident နှင့် ဆေးရုံရောက်နေလို့ပါတဲ့။
အကသင်တန်းက အမျိုးသမီးပြောမှ သိရသည့် သတင်းအတွက် ကျွန်တော် ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိပါချေ။

"အစ်ကို.....kim jongin"

အသက်ကို မောဟိုက်စွာ ရှိုက်ရှူရင်း မေးတော့ သူနာပြုဆရာမလေးက ခပ်မြန်မြန် လမ်းညွှန်ပေးသည်။

အခန်းတံခါးခေါက်ဖို့လည်း ကျွန်တော် သတိမရပါ။ တံခါးကို ဇွတ်တွန်းဖွင့်ပြီး ပြေးဝင်လိုက်တော့...

"Hun"

အစ်ကိုက ကုတင်ပေါ်မှာ တစ်ဝက်လဲလျောင်းနေရက်သား။ ခါးအောက်ပိုင်းကို စောင်ပါးဖြင့် လွှမ်းထားပြီး မျက်နှာနုနုမှာ ပွန်းပဲ့ရာ တစ်ချို့နှင့်.....

ဆေးရုံအင်္ကျီဖြူဖြူက အစ်ကို့ကို အလွန် အကျည်းတန်စေသည်။

"အစ်ကို ဘယ်လိုနေလဲ...ဘာတွေ ထိခိုက်မိသေးလဲ...နာနေသေးလားဟင်"

အလောတကြီး ကုတင်နား ပြေးကပ်မိတော့ အစ်ကိုက ကျွန်တော့်လက်တွေကို ဆီးကြိုဆုပ်ကိုင်လာသည်။

"အခု...အခု ကောင်းသွားပြီ...စိတ်မပူနဲ့တော့နော်....ကိုယ် တောင်းပန်ပါတယ်"

အရည်လဲ့လဲ့မျက်ဝန်းတွေ.....

"အစ်~ ကို...တကယ် အဆင်ပြေရဲ့လားဟင်"

"အင်း....တကယ် အဆင်ပြေတယ်...ကိုယ် ဘာမှမဖြစ်ဘူးနော်"

အစ်ကိုက ခေါင်းညိတ်၍ ပြုံးပြမှ ဝင်လာကာစတွင် ဖျတ်ခနဲ သတိထားလိုက်မိသော အခန်းတွင်းမှ လူနှစ်ယောက်ကို လှည့်ကြည့်ဖြစ်သည်။

နှစ်ယောက်လုံးက အနက်ရောင် suit အပြည့့်အစုံနှင့် ခန့်ညားနေကာ ကျွန်တော့်ကို အကဲခတ်နေကြသည်။

"အဲဒါဆို kim jongin..shi...ကျွန်တော် ပြန်လိုက်ပါဦးမယ်...လိုအပ်တာမှန်သမျှ ကျွန်တော် ဖြည့်ဆည်းပေးပါ့မယ်...ကျွန်တော့်ရဲ့ ပေါ့ဆမှုအတွက် ထပ်ပြီး တောင်းပန်ပါတယ်"

Your Smile (Unicode)Where stories live. Discover now