"chanyeol"
"မျက်နှာက ပြုံးရွှင်လို့ပါလား"
"အဟဲ....မင်းအမေနဲ့ ပြဿနာ တက်သေးလား... ငါ မင်း ပြန်မလာတော့ဘူးလို့တောင် ထင်တာ"
"ဘာမှ မဖြစ်ပါဘူး...အကုန် အဆင်ပြေသွားပြီ"
အခြေအနေကို ထပ်သိချင်သေးသော်လည်း ဘယ်လိုမေးရမည် မသိ။ သူက အဆင်ပြေတယ် ဆိုလည်း ပြီးတာပဲလေ။
"မင်းသိလား... အစ်ကိုက နောက်တစ်ပတ်ကျရင် ငါနဲ့အတူ ××× မြို့က ပွဲတော်ကို သွားမယ်တဲ့"
"အင်း...သွားလေ...ကျောင်းက အဖွဲ့လိုက် သွားကြမှာ မဟုတ်လား...ကျောင်းသားတွေ လုပ်အားပေးလား...ဘာလား"
"ဟင်...အဲလို မဟုတ်ဘူး...အစ်ကိုက ငါ့ကို သပ်သပ်လိုက်ပို့မှာလို့ ပြောတာ"
"Jongin hyung နဲ့ မင်းနဲ့ နှစ်ယောက်တည်းလား"
အဲ....အစ်ကိုက ကျွန်တော်နဲ့ နှစ်ယောက်တည်း သွားမှာလို့ မပြောခဲ့ပါဘူး....ဒါပေမဲ့ ကျောင်းသားအဖွဲ့နဲ့လို့လည်း သူ မပြောဘူးလေ....
"နှစ်ယောက်တည်း ဆိုလည်း သွားပေါ့...jongin hyung က ယုံလို့ရပါတယ်"
chanyeol စ နောက်မှန်း သိနေသောကြောင့် ငြိမ်နေလိုက်သည်။
"မင်းရော...chanyeol မသွားဘူးလား"
"ငါ့ကို မင်းလို ခေါ်မဲ့သူ မရှိဘူး...ငါလည်း မသွားရဲသေးဘူး...လိမ်လိမ်မာမာနေလိုက်ဦးမယ်"
သူပြောသည့် မသွားရဲ ဆိုတာက သူ့အိမ်ကို ဆိုလိုသလား....jongdae hyung ကို ပြောသလား...ကျွန်တော် နားမလည်။
"Jongdae hyung ဆီ မသွားရဲတာကို ပြောတာ...ငါ့ကို စာအုပ်ငှါးဦး...စာပြန်ကူးမလို့"
"အဲ...ငါလည်း ဒီနေ့မှ ကျောင်းတက်တာ"
•••••••••••••••••••••••••••••••••
"sehun လေး...နောက်တစ်ပတ်မှာ ××× မြို့က ပွဲတော် ရှိတယ်...ဦးလေး လိုက်ပို့ရမလား"
ကျောင်းမှ အပြန် ဒရိုင်ဘာ ဦးလေးကြီးမှ မေးတော့ ကျွန်တော် အူလည်လည်ဖြစ်သွားသည်။ ပွဲတော်က နာမည်ကြီးလှချည်လား...
"ဘာ ပွဲတော်လဲ...ဦးလေး...လူတွေ အရမ်းများလား...ပြီးတော့ ဝေးသလား"
YOU ARE READING
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world