[13]

482 74 0
                                    

ဘာအမှုဖြစ်နေမှန်း မသိပေမဲ့ ကျွန်တော် တရားခွင်ထဲ ရောက်နေသည်။ အစ်ကိုနဲ့ အတူတူလေ။

မကြာခဏဆိုသလို ကျွန်တော်နှင့်အစ်ကို တွေ့ဖြစ်ကြပြီး......
အခုလည်း jongdae hyung ၏ ပထမဆုံး တရားခွင်ဆို၍ အတူတူ ရောက်လာကြခြင်း ဖြစ်သည်။

Jongdae hyung က ဝတ်ရုံရှည်ကြီးနှင့် ပို၍ သေးငယ်သွားသယောင်။

ကြာမြင့်လှသော အပြန်အလှန်မေးခွန်းများတွင် jongdae hyung က ရှေ့နေကြီးတစ်ဦးဘေးမှ တစ်လုံးစ နှစ်လုံးစသာ ဝင်ပြောခြင်း ဖြစ်သည်။ အချိန်က တကယ့်ကို ကြာရှည်လှသည်။

အစ်ကိုကတော့ သူ့မိဘဆွေမျိုး၏ ရုံးချိန်းများလား ထင်ရအောင် တိတ်ဆိတ်ငြိမ်သက်။

ရွှေ့ဆိုင်းလိုက်သည် ဟူသော တရားသူကြီး၏ စကားသံအဆုံးတွင် ကျွန်တော် ထိုင်နေရတာပင် ညောင်းလှပြီ။

"အား.....အစ်ကို....အမှုသည်နဲ့ ရင်းနှီးတာတော့ မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး...ဘာဖြစ်လို့လဲ"

"အရမ်းငြိမ်နေလို့လေ.....အမှုက အဲလောက်လည်း စိတ်ဝင်စားစရာ မကောင်းဘူးလားလို့"

"သြော်....သေချာမသိပါဘူး....ကိုယ်က တခြားဟာ စဉ်းစားနေတာ"

"ဟင်...ဘာတွေ စဉ်းစားနေတာလဲ"

"ဘာလို့ ပြောပြရမှာလဲ"

အစ်ကိုက အမှုမဲ့ အမှတ်မဲ့ပဲ။ အင်း.....ဟုတ်ပါတယ်။ ဘာလို့ ပြောပြရမှာလဲ။

ကျွန်တော်တို့က တရားရုံးရှေ့မှာ jongdae hyung ကို စောင့်နေကြတာမို့ ဒီအတိုင်းသာ ဆက်ရပ်နေမိသည်။

နည်းနည်းတော့ ဝမ်းနည်းသွားသလို ရှိပေမဲ့ ဘာကြောင့် ဝမ်းနည်းရမှာလဲ အဖြေကမရှိပြန်။ ကျွန်တော့်မေးခွန်းက လွန်သွားပုံပါပဲ။ အစ်ကိုက တကယ် ဘာမှဆက်မပြောတော့။

"sehun...ပျင်းနေမှာပေါ့"

ဝတ်စုံကြီး ချွတ်လိုက်တော့မှ jongdae hyung က အမှန်တကယ် ပိုသေးကျုံ့သွားမှန်း ထင်ရှားတော့သည်။

"အာ....နည်းနည်းတော့ ပျင်းတယ်....ဒါပေမဲ့ hyung က အဲဒီဝတ်စုံနဲ့ တကယ်ကြည့်ကောင်းတယ်.....perfect"

Your Smile (Unicode)Where stories live. Discover now