[11]

471 71 0
                                    

နောက်တစ်နေ့ မနက် ကျောင်းကိုရောက်တော့ အလွန်အမင်းစူပုပ်နေသော မျက်နှာနှင့် အစ်ကို့ကို လှေကားရင်းတွင် ထိုင်နေတာ တွေ့ရသည်။ နှုတ်ခမ်းဖူးလုံးလုံးလေးက အသည်းယားစဖွယ်.....

"အား....အစ်ကိုရေ....ဘယ်လိုတောင် စူပုပ်နေတာလဲ...ဘာကို အလိုမကျနေတာလဲ"

ကျွန်တော် အသည်းယားသော်လည်း အစ်ကို့ကိုကြောက်၍ ပထမစကားကို တိုးတိုးလေးသာ ပြောခြင်းဖြစ်သည်။ အစ်ကိုမကြားနိုင်။ သို့သော် အစ်ကို့မျက်စောင်းက ကျွန်တော့်ဆီ တည့့်တည့်မတ်မတ်ကြီး......

ကျွန်တော့် တစ်ကိုယ်လုံး တုန်သွားမိသည် အထိ...

"အဟမ်း...အစ်ကို အစောကြီး ရောက်နေတာပါ့ပဲ"

"Park chanyeol လေးက အမြဲတမ်း တဇွတ်ထိုးလေး...ရိုက်ပစ်ချင်စရာလေး"

သြော....chanyeol နှင့် ရန်ဖြစ်ထားသည်ပေါ့။

"chanyeol က ဘာဖြစ်လို့လဲ"

"Jongdae ကို အတင်းလိုက်ကပ်နေလို့"

"အာ...အဲဒါတော့ သူချစ်လို့ ကပ်တဲ့ဟာကို...အစ်ကိုကလည်း"

"အဲလောက်မလွယ်ဘူးလေ...ပြီးတော့ အဲဒီကောင်လေးက သခင်လေးစိတ်က မပျောက်ဘူး...jongdae ကို သူလိုချင်တိုင်း ခေါ်နေတာ"

"နောက်နှစ်ဆို အစ်ကိုတို့က တက္ကသိုလ်တက်ရတော့မှာလေ...ဒီတစ်နှစ်တော့ သူ့ကိုပေးပျော်လိုက်ပါ...အစ်ကို သိလား....သူ့ခင်မျာ"

"ဂန္တဝင်တွင်မဲ့ ကတိကြီးကို ပြောဦးမှာလား...မင်းတို့နှစ်ယောက် တစ်လေသံတည်းပဲ"

တစ်ခုခုတော့ လွဲနေပြီထင်တယ်။ အခုဟာက chanyeol ကို စိတ်ဆိုးနေတာလား။ ကျွန်တော့်ကို စိတ်ဆိုးနေတာလား မသဲကွဲတော့ဘူး။

"အမ်....အင်း...ကျွန်တော်က သူကြိုးစားထားတာကို ပြောချင်တာပါ...အဲဒါ jongdae hyung သိရင် ဘယ်လိုနေမလဲနော်....သူ သိလား"

လေသံကို အတတ်နိုင်ဆုံး ပျော့ထားလိုက်ပြီး မျက်နှာလေးကို အတည်ပေါက်လေး ဖမ်းထားလိုက်သည်။ ပြီးမှ သတိရကာ....

"အဲ...သူ မသိချင်ရင်တော့ မသိဘူးလို့ မပြောနဲ့နော်....အစ်ကိုတို့ မူပိုင်စကားဆိုပေမဲ့...ကျွန်တော် မခံစားနိုင်ဘူး"

Your Smile (Unicode)Where stories live. Discover now