သူနဲ့စတွေ့တဲ့နေ့ပေါ့

15.5K 320 2
                                    

Unicode

20.4.2021

နွေရာသီသည်မြို့ပြတို့ဘက်တွင်ငြီးငွေ့စရာကောင်းသော်လည်းကျေးရွာတို့ဘက်တွင်တော့ဆန့်ကျင်ဘက်ဖြစ်လို့နေသည်

လယ်ခင်းတို့ကစိမ်းလန်းစိုပြေနေပြီး ပတ်ဝန်းကျင်ကလည်းသဘာဝအလှတရားတို့နှင့်သာယာနေသည်

ပုစဥ်းရင်ကွဲသံတို့ကလည်းဤကျေးရွာအား
တိတ်ဆိတ်ငြိမ်သက်မနေအောင်ပြုလုပ်ပေးထားသလိုပင်..

"မြေးလေး ဖရဲသီးစားပါအုန်း"
" ဟုတ်ဖွားဖွား"
"အွန်း~~ချိုနေတာပဲ ဖရဲသီးကနွေရာသီနဲ့တကယ်ကွက်တိ...ဟီး"
"ကြိုက်ရင်များများစားမြေးလေး"
"ဟုတ် ဖွားဖွားစိတ်ချ"
.
.
အိပ်ခန်းထဲဝင်ကြည့်တော့ အရင်လာတိုင်းကကဲ့သို့မပြောင်းလဲ..
အမှတ်တရတို့ကျန်ရစ်ပြီးမမေ့ပျောက်သွားသလို
ဤအခန်းလည်းအနည်းငယ်မှ ပြောင်းလဲခြင်းမရှိ..

ဗီဒိုထဲအဝတ်ထည့်ရန်ပြင်တော့
အဝါရောင်ဝက်ဝံရုပ်ကလေးမျက်မှန်လေးနှင့်

စာအုပ်..သစ်ပင်အောက်တွင်တွင်းတူးပြီးထားခဲ့တဲ့ထိုစာအုပ်လည်းအရင်အတိုင်းပဲရှိနေအုန်းမှာပေါ့..

"ဖွားဖွား ကျွန်တော်ဒီနားခဏသွားမယ်နော်"
" အေအေ သတိထားသွားနော်မြေး"
"ဟုတ်"

ခြေလှမ်းတို့ကပုံမှန်မှအမြန်လျှောက်လာပြီးနောက်ဆုံးတော့ ထိုသစ်ပင်နားသို့ ပြေးသွားမိသည်..

ဤကုက္ကိုပင်သည် အရင်အတိုင်းပင်ညာဘက်တွင်ရေအိုးစင်လေးထားရှိသေးသည်..
ထိုစာအုပ်လည်းရေအိုးစင်မှကြည့်လျှင်ဘယ်ဘက်တွင်မြုပ်ထားတုန်းပင်ရှိပေလိမ့်မည်..
တုတ်တစ်ချောင်းရှာကာထိုနားသို့တွင်းတူးလိုက်သည်..
အတန်ကြာတော့ အညိုရောင်လေးထောင့်ဘူးတစ်ဘူး မြေကြီးများပေလို့..
တခဏ ရပ်တန့်သွားသော်လည်းထိုဘူးအားယူကာဖွင့်လိုက်တော့

" ကျန့်ကျန့် ဒိုင်ယာရီ"

လို့ရေးထားသောမှတ်စုစာအုပ်တစ်အုပ်

နာမည်ကိုမြင်ပြီး တချက်ပြုံးလိုက်မိသည်..
စာအုပ်ကိုယူကာ ကုက္ကိုပင်ကိုမှီလိုက်ပြီးနောက်
စာအုပ်ကိုချည်ထားသောအပြာနုရောင်ဖဲကြိုးကိုဖြည်လိုက်သည်

One sided loveWhere stories live. Discover now