မှတ်မိချင်သောနေ့

1.7K 118 1
                                    

Unicode

"Shanghai real Estate"

"ရောက်ပြီ
.
..
အဟမ်းကျေးဇူး"

မျက်စိလွှဲပြောတဲ့ရှောင်းကျန့်ခေါင်းပေါ်သို့မမှတ်မထင်ရောက်လာသောလက်ဖဝါးကြီးကြီး

ဆံပင်အားအသာဖွကာ

"အင်း "

ပြောသောရိပေါ်အသံကနူးညံ့နေသည်

"အဲ့ဆို ငါအိမ်ထဲဝင်တော့မယ်"

ခြံရှေ့ရောက်တော့ရိပေါ်ဘက်တဖန်ပြန်လှည့်ရင်းပြောလိုက်သည်

"အင်..ဝင်တော့"

လက်ပြကာ ခေါင်းငြိမ့်ပြီးနှုတ်ဆက်သောရိပေါ်

"ကျောင်းရောက်မှပြန်တွေ့..."
 
စကားမဆုံးလိုက်အိမ်ထဲမှ မားကလှမ်းခေါ်သည်

"ယုန်ပေါက်လေး..အိမ်ပြန်ရောက်ပြီလား"

ဟိုက်သွားပြီ......မားကလည်းခါတိုင်းမခေါ်ဘူးအခုမှဘာလို့ခေါ်တာတုန်း...
ပြီးတော့အချိန်ကိုက် အာစိတ်ညစ်ပါတယ်...
သွားပါပြီရှက်လိုက်တာ

ရိပေါ်ကပြုံးရင်းကျွန်တော့်ဘက်ကြည့်သည်

"ယုန်ပေါက်လေး??"

"ဟို..ဟို အဲ့တာကလေ"

"သူငယ်ချင်းပါတာလားဝင်ခိုင်းလိုက်လေ ဘာလို့အပြင်မှာရပ်နေတာလဲ"

ပြောလည်းပြောရင်းလက်မောင်းကိုပါတချက်ရိုက်သည်..

"ဟုတ်သူလိုက်ပို့ပေးတာသားbusမစီးတတ်လို့"

"ကျေးဇူးပါသားရယ်..ညတောင်ရောက်နေပြီပြန်လည်းလွတ်လို့မဖြစ်တော့ဘူး..လာလာမိဘဘဲလာကြိုခိုင်းပါကွယ်မဟုတ်ရင်အန်တီစိတ်မချပါဘူး"

"ရပါတယ် ကျနော်ပြန်တတ်ပါတယ်"
"အိမ်မှာအိပ်မလား မိဘလာခေါ်ခိုင်းမလားကဲ"
"အဲ့ဆိုခဏတာ အနှောင့်အယှက်ပေးမိပါပြီ ဟီး"

မားတို့ကတော့အံ့ပါ့

"လာလာ သားလာ ဒါနဲ့သားနာမည်က"

"ဝမ်ရိပေါ်ပါ"
"နာမည်လည်းလှလူလည်းချော "

ရှေ့ကစကားတပြောပြောနဲ့အိမ်ထဲဝင်သွားတာကိုကြည့်ပြီး ရှောင်းကျန့်လည်းခေါင်းသာယိမ်းရင်ပြုံးမိတော့သည်

One sided loveWhere stories live. Discover now