ရင်နာခဲ့သောအမှတ်တရ

946 68 5
                                    

Unicode

20/12/2013
ကျောင်းပွဲများပြီး၍မကြာမီကျောင်းစာမေးပွဲကနီးကပ်လာသည်ကျောင်းတွင်လည်းစာများကိုစာမေးပွဲနီးလာပြီဖြစ်၍ဆရာဆရာမအပါအဝင်ကျောင်းသားအားလုံးစာဖိလုပ်ကျတော့သည်

ရှောင်းကျန့်တို့လည်းအခန်းထဲ၌ဆရာမစာကျက်ချိန်ပေးထားပြီးအပြင်ထွက်သွားချိန်စာကျက်နေကြသည်....

"ဟား!မကျက်တော့ဘူး"

ကျင်းလင်ကစာအုပ်ချပြီးခုံကိုမှီရင်း ငြီးငွေ့စွာပြောသည်

"ငါလည်းစိတ်မပါတော့ဘူးကွာဘာတွေမှန်းကိုမသိဘူးစာမေးပဲွကနောက်တစ်ပတ်စာကလည်းတလုံးမှမရသေးငါတော့ကျတော့မယ်"

ဝမ်ချောင်ကကျင်းလင်ကိုလက်ခံစွာပြောသည်

"ငါတော့မကျဘူးTop10မမှန်းတော့ပါဘူးလေ သူများတွေလည်းလိုချင်မှာပေါ့"

ဝမ်ချောင်လက်ကစာအုပ်နဲ့ကျင်းလင်ခေါင်းကိုရိုက်ကာ

"စကားကြီးစကားကျယ်Top50ထဲအရင်ဝင်အောင်လုပ်အုန်း"

ကျင်းလင်ခေါင်းပွတ်ရင်းပြန်ငြင်းဖို့ပြင်တုန်း

"ဟ!"

ဆိုပြီးအော်သံနဲ့အညီစားပွဲပါအထုခံလိုက်ရသည်

အဟောက်ခံလိုက်ရသောနှစ်ယောက်မှာလည်းချက်ချင်းငြိမ်သွားသည်

"စာကျက်နေတယ်လာစကားမများနဲ့နားငြီးတယ်ရှင်းလားပါးစပ်မပိတ်ရင်အနောက်မှာသွားပြော"

ကျိုးချန်ကိုရှောင်းကျန့်ကလက်ပြန်ဆွဲကာ

"စိတ်ထိန်းစိတ်ထိန်း"

"ဘာမှန်းလည်းမသိ....အာရုံကိုနောက်တယ်စာကျက်တာကို"

ဆိုပြီးရှေ့ကိုဆူပုတ်ပုတ်နဲ့ပြန်လှည့်ပြီးကျိုးချန်စာပြန်ကျက်တော့သည်

ကျင်းလင်ကတိုးတိတ်စွာဖြင့်

"ဟျောင့်ငါတော့အဲ့လိုမျိုးပြောတာတခါမှမမြင်ဖူးဘူးကျိုးချန်ကကျောင်းဆရာကြီး"

ဝမ်ချောင်ကလည်းတိုးတိတ်စွာပြန်ဖြေသည်

"အေးကွ"

"ပိတ်ကြတော့ထက်လှည့်လာရင်ပိုဆိုးနေမယ်"

ရိပေါ်ဝင်ပြောမှ၂ယောက်လုံးငြိမ်ကာစာပြန်ကျက်တော့သည်

One sided loveWhere stories live. Discover now