မမျှော်လင့်သော

1.1K 90 11
                                    

Unicode

ပြဇာတ်တိုက်ဖို့ဆင်းတိုင်းရိပေါ်သူ့ကိုဂရုစိုက်မလားမျှော်လင့်ချက်နဲ့ကြည့်တိုင်းသူကတော့လှည့်တောင်မကြည့်သူ့ဘာသူတခြားသူနှင့်စကားထိုင်ပြောနေသည်

တခါတခါဆို xiao renကိုပြတင်းပေါက်ကချောင်းကြည့်ရင်းမျက်လုံးတို့ကလည်းထိုကောင်မလေးဆီမှာသာနေရာယူလျက်.....

.ဒီလိုနှင့်ပြဇာတ်တိုက်ချိန်တွင်ရှောင်းကျန့်တစ်ယောက်အတွေးသံသရာတွင်နစ်မျောနေပြီး
စိတ်မပါဖြစ်နေသည်အစကတော့ရိပေါ်ပါသည်ဆိုသောအတွေးနှင့်ပျော်မိသည်...
အခုတော့သူငေးနေသောချစ်ရသူကလည်းတခြားမိန်းကလေးကိုငေးနေသည့်မြင်ကွင်းကခန့်မှန်းထားသည်ထက်ခံရခက်စေသည်

အမှန်တော့ပြဇာတ်ကပျော်ဖို့ကောင်းပါတယ်တစ်ကြောင်းပြောတိုင်းထထရီနေသောlulu ဆိုတဲ့သူငယ်ချင်းမလေးရဲ့အသံကလည်းနန်းဆန်နေတော့နှစ်ဆရယ်မောရသည်

ပြဇာတ်တိုက်ချိန်ကိုသာစိတ်နှစ်ပြီး နှလုံးသားကခံစားချက်ကိုဥပေက္ခာပြုနိုင်သလောက်ပြုလိုက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူနေ့ရက်တွေကလည်းတရွေ့ရွေ့ကုန်ဆုံးသွားသည်

ပွဲနေ့နီးလာပြီးမို့ဝတ်စုံပြည့်ဝတ်၍ဇာတ်တိုက်ရသည်ထိုဝတ်စုံကိုလည်းအတန်းကပြဇာတ်မပါသူတို့ကချုပ်ရသည်
ရိပေါ် ကတော့တခြားအရာများဖြစ်သောကျင်းလင်/ဝမ်ချောင် /ယွီပင်းနဲ့သူ့ညီမတို့ရဲ့စာကိစ္စကိုကတိအတိုင်းတာဝန်ယူလုပ်ပေးသည်

ဝတ်စုံပြည့်ဝတ်ကာထွက်လာသောရှောင်းကျန့်ကromeoအနေဖြင့်အလွန်ချောမောနေပြီးluluကလည်းဝတ်စုံပြည့်ဝတ်ကာJulietအနေနှင့်မြင်သက်ရှုမောစရာ

ရှောင်းကျန့်ကဇာတ်တိုက်ထားသကဲ့သို့ညာခြေကိုနောက်ကွေးကာခါးကိုင်းရင်းluluရှေ့သို့လက်ဆန့်ရင်း အနောက်တိုင်းဇာတ်ကားများလို

"မိန်းကလေး "

ခပ်ဖွဖွပြုံးရင်းတစ်ဖက်ကဂါဝန်ရှည်ကိုအသာမကာ ကျန်လက်ဖဝါးတဖက်ကိုလည်းကမ်းပေးထားသောလက်ပေါ်သို့အသာတင်ရင်း..

"ကျေးဇူးပါ "

ထိုအခါမှခါးပြန်ဆန့်ရင်း ချိုသာစွာပြုံးပြနေသောရှေ့ကကောင်လေးကြောင့် luluတို့နှလုံးသားဗြောင်းဆန်နေတာကို ရှေ့ကကောင်လေးသိမှာမဟုတ်

One sided loveTempat cerita menjadi hidup. Temukan sekarang