ခံစားချက်

1.2K 85 5
                                    

Unicode

"ကဲအဲ့ဆိုသားမိနစ်၂၀ကျန်သေးတယ်ကျားယို့နောက်ဆုံးမသိတော့ရင်လည်းအဆင်ပြေတာသာပြောချပစ်"

ရိပေါ်လည်းငြင်းလို့မရ၍မထူးဇာတ်ခင်းရင်းဇာတ်ညွှန်းသေချာကျက်တော့သည်

ရှောင်းကျန့်လည်းjulietအပိုင်းတွေပြန်နွေးရင်းသူ့ကိုအခန်းထဲမှမိတ်ကပ်ပြင်တော်သောမိန်းကလေးကသေသေချာချာပြင်ဆင်ပေးနေသည် ရိပေါ်ကိုလည်းနောက်တစ်ယောက်ကပြင်ပေးပြီးသူတို့၂ဦးစိတ်ထဲတွင်လည်းဇာတ်ညွှန်းကျက်၍သာ..တခြားသူများလည်းပွဲစရန်အဆင်သင့်ပြင်နေကြပြီ...

ပွဲရန်၇မိနစ်အလိုတွင်

'ဟျောင့်လန်းလှချည်လား"

ဝမ်ချောင်တစ်ယောက်ရိပေါ်အဝတ်အစားလဲပြင်ဆင်ပြီးအပြင်ထွက်လာတာမြင်ပြီး ဝမ်ချောင်အသံနဲ့အတူ...
.မိန်းကလေးတွေကတော့အကြည့်မလွဲနိုင်တော့

ဘာလို့ဆိုအရပ်ရှည်ရှည်နှင့်ရှပ်အဖြူလက်ရှည်အ​​ေပါ်ကအနောက်တိုင်းသားဒီဇိုင်း coatကိုဘောင်းဘီအနက်နှင့်အတူဘုတ်ဖိနပ်အနက်ကိုပါဝတ်ထားတော့အသားဖြူသည်ကိုပိုသိသာစေသည်ဆံပင်အမြဲချထားနေကျကနေဆံပင်ကိုလန်တင်လိုက်တော့ ပြီးပြည့်စုံတဲ့ယောကျ်ားလေးတစ်ယောက်ဖြစ်လို့နေသည်

"ငါကစောင်ချောကြီးပဲဟာ"

"အေးပါကွာမင်းကိုကလျှာရှည်ပြီးမေးတာအဲ့အကောင်အကြောင်းသိသားနဲ့"

ကျင်းလင်ကဝမ်ချောင် ပခုံးကိုပုတ်ကာပြောသည်

၅မိနစ်အလို

"ကဲအကုန်စုံပြီလားလူစစ်မယ်.........."

"ဟုတ်ရောက်ပြီလောင်ရှစ်"

တဖြည်းဖြည်းလူခေါ်ရင်းနောက်ဆုံးတော့ရိပေါ်တို့အုပ်စုအလှည့်ရောက်လာသည်

"ဝမ်ချောင်နဲ့ကျင်းလင်"

"ဒီမှာလောင်ရှစ်"

"ယွီပင်း"

"ဟုတ်"

"ရိပေါ်"

"ဟုတ်"
"ရှောင်းကျန့်"

ထူးသံမကြား

"ရှောင်းကျန့်ဘယ်မှာတုန်!!"

One sided loveWhere stories live. Discover now