သူငယ်ချင်းသာ...

2.6K 98 0
                                    

Unicode

30.5.2012

ကျောင်းများပြန်ဖွင့်တော့မည်မို့အခန်းသွားအပ်ရင်းအခန်းထဲမှာပါသည့်နာမည်များကိုဖတ်နေရင်းလက်က...လေထဲတွင်ရပ်တန့်သွားခဲ့တယ်.... ဘာလို့ဆို.....

"ဝမ်ရိပေါ်"

ဆိုသည့်နာမည်ကအရင်နှစ်ကအကြောင်းများကိုပြန်သတိရပြီး... မေ့ရန်ကြိုးစားခဲ့သောအတိတ်တို့ပြန်ပေါ်လာသည်..ခံစားချက်လည်းတစ်မျိုးလေးခံစားရပြီးပြုံးမိသည် အကြောင်းပြချက်ကသူငယ်ချင်းဟောင်းနှင့်ပြန်ဆုံတွေ့ရမည်မို့ထင်ပါသည်.....

ထိုသို့နှင့်ကျောင်းစဖွင့်သည့်နေ့ကိုရောက်လာခဲ့သည်

"မား...ကျန့်ကျန့်လေးချောလားဟဲဟဲ"

ဆိုကာမေးစေ့ကို ပွတ်ကာ ပြုံးရင်းပြောနေသောရှောင်းကျန့်

"ဘဝင်လေဟက်နေတယ်သွားစရာရှိတဲ့ကျောင်းသာသွား"
"ဟုတ်..ကျန့်ကျန့်ချောတယ်လို့ယူဆပါမယ်"
"ကြိုက်သလိုသာမှတ်ဟေ"
.
.
ကျောင်းတက်တော့တခြားမဟုတ်..
တယောက်ယောက်ကိုရှာနေမိသည်...

..မလာသေးဘူးထင်ပါတယ်လေ

"ဟျောင့်!!မင်းကိုလွမ်းနေတာ"
"ထူးဆန်းနေပြီဘာဆေးမှားလာလဲ"
"ငါ့မှာတော့လွမ်းလို့ မင်းကအဲ့လိုပြောတယ် ...သူငယ်ချင်းစုတ်...ထားပါလာငါနဲ့ထိုင်ရအောင်တတိယတန်းပဲထိုင်မယ်နော်"

"မင်းဟာလေဘယ်ချိန်မှစွန်မှာလဲတသက်လုံးfaအရိုးထုတ်တော့မှာလား"

"အုန်းမားမလိုချင်လို့..လိုချင်ရင်ချက်ချင်းယူလို့ရတယ်အေးဆေး မင်းကရော ဘာထူးလဲ..ဟောဟိုမှာလူတစ်ယောက်လာနေပြီ"

"ဘယ်သူလဲ..."
"ကြည့်လေ ကိုယ့်ဘာကို"
ကျိုးချန်မေးဆက်ပြရာဘက်လှည့်သည်နှင့်..

သူ...အချိန်ကြာသော်လည်း သူ့တည်ငြိမ်သော ပုံစံမှာသိပ်မပြောင်းလဲ..

"ဟျောင့်ရိပေါ်မင်းလဲဒီခန်းပဲလား"

ကျိူးချန်မေးခွန်းကိုရိပေါ်​ေခါင်းငြိမ့်ပြသည်နှင့်ကျိုးချန်က

"ဟိုဘက်ခုံလွတ်နေတာပဲမင်းထိုင်လေအဲ့မှာဆိုပြတင်းပေါက်နဲ့ဆိုတော့အဆင်ပြေတာပေါ့"

One sided loveWhere stories live. Discover now