တမ်းတမိသောနေ့

1.4K 90 8
                                    


Unicode

10/5/2021

နိုင်ငံခြားကပြန်ရောက်ကတည်းကအိမ်ကိုမပြန်ပဲနယ်မှာပဲသွားနေခဲ့တာလည်းဘာလိုလိုနဲ့၃ပတ်နီးနီးမို့အိမ်ကမားကလည်းသတိရလို့လှမ်းခေါ်နေပြီ

အဲ့တာနဲ့မနက်ကအဝတ်အစားထုတ်ပိုးပြီးရထား ဘူတာရုံမသွားခင်ကျဲတို့ကောတို့ကိုသေချာနှုတ်ဆက်ရင်းလယ်ကွင်းကျယ်ကြီးတွေကိုအဝကြည့်လိုက်သေးတယ်..

အင်း..ငါတော့လွမ်းနေတော့မှာပဲ..

ဘွားဘွားတို့ကဘူတာရုံကိုလိုက်ပို့ပြီးရထားထွက်တဲ့ထိကြည့်ရင်းမျက်ရည်လေးတစမ်းစမ်းနဲ့နှုတ်ဆက်ရှာတယ်..

"နောက်လည်းလာလည်နော်ကျန့်ကျန့်လေး"

"ဟုတ်ဘွားဘွား"

ရထားစထွက်တာနဲ့ head phone ခဲရောင်လေးတပ်လိုက်ပြီးဖုန်းထဲကသီချင်းဖွင့်လိုက်ရင်းပြတင်းပေါက်ကိုငေးနေလိုက်တယ်

သစ်ပင်ရိပ်ကလေးတွေတဖြတ်ဖြတ်ကနေ နောက်ပိုင်း တံတားပေါ်ကနေတောင်တန်းတွေရဲ့အလှကိုအတိုင်းသားမြင်နေရတယ်

"All my best memories,
come back clearly to me,
Some can even make me cry
Just like before...
It's yesterday once more...."

yesterday once more -carpenters

အတွေးပင်လယ်ဟာတအားကျယ်သလိုပဲလွန်ခဲ့တဲ့၇နှစ်က တနေ့လည်ခင်းကိုသတိရသွားပြန်တယ်..

2013

ဆောင်းဦးတစ်နေ့ နေ့လည်ခင်းတွင်ကျောင်းစောဆင်းသော်လည်းအိမ်မပြန်ပဲရှောင်းကျန့်တို့သူငယ်ချင်တစ်အုပ်စု အပြင်ဝတ်စုံများလဲရင်းကျောင်းနားပတ်ဝန်းကျင်တွင်လမ်းလျှောက်လိုက်ဆိုင်ထဲသို့ဝင်လိုက်နှင့်နောက်ဆုံးသူတို့ချိန်းနေကျကဖေးဆိုင်လေးထဲဝင်ပြီးမုန့်ဝင်စားကြသည်

"အား လန်းသွားတာပဲ"

ကျိုးချန်ကတအားcolaသောက်တတ်တာမို့အခုလည်းမုန့်မစားခင်colaသောက်ပြီးညည်းပြနေပြန်တယ်

"ကော luluဖုန်း ကောဆီမှာမို့ထုတ်ပေးပါအုန်း"
"အိတ်ကပ်ထဲကနှိုက်လိုက်"
"အွန်းအွန်"

luluဖုန်းထုတ်ပြီးဓာတ်ပုံရိုက်ဖို့ဝမ်ချောင်ကိုအဖော်ခေါ်ပြီးဆိုင်ပြင်ထွက်သွားပြီးမကြာလိုက်ကျိုးချန်ကလည်းအိမ်သာသွားမို့ဆိုပြီးကျင်းလင်းနဲ့ထွက်သွားတယ်

One sided loveWhere stories live. Discover now