မေးခွန်း

1.2K 41 8
                                    

15/5/2021

"ရှောင်းကျန့်မင်းလာကြိုမှာလားငါလာကြိုရမှာလား မင်းပြောတော့ညနေလေးနာရီထွက်မယ်ဆို"

ရေချိုးခန်းကနေထွက်ပြီးဖုန်းစပီကာဖွင့်ကာ အနက်ရောင်turtle neckချည်သားကိုစွပ်ပြီးလည်ပင်းကိုအနေချရင်းရှောင်းကျန့်လည်းမျက်မှောင်ကြုံ့လိုက်သည်

"မင်းအဲ့စကားကိုပဲထပ်ခါပြောနေတာ၃ခါရှိပြီ ချန်လေးရယ် ငါအိပ်ပျော်သွားတာပါဆိုနေကွာ မင်းပေးတဲ့မိနစ်၄၀အတွင်းငါလည်းပြင်နေတာပဲလေ"

ပြောရင်းပဲအပေါ်blazerအနက်ရောင်ကိုထပ်ဝတ်လိုက်သည်

"ငါ့ကိုပန်းနုသွေးမခင်းနဲ့ ကြာတယ်ကွာရှောင်းကျန့်ရာ ငါပဲ လာကြိုတော့မယ်"

"သဘော သဘော "
"ငါရောက်တာနဲ့သွားမယ်နော်"
"အေးပါကွ"

ဖုန်းချသွားသည်နှင့်ဆံပင်အတွက်လုပ်ငန်းစရတော့သည်

ဟိုပြောင်းဒီပြောင်းစိတ်တိုင်းမကျဖြစ်နေပြီး‌ရှေ့ကလူတစ်ရပ်စာမှန်ကိုကြည့်ရင်း

ဘာလို့များအဲ့လောက်ထိဂရုတစိုက်လုပ်နေရမှာလဲ ပြီးပြီးသားခံစားချက်တွေကို‌ပြန်ဖော်ချင်နေတာလားရှောင်းကျန့် ဘာအတွက်လဲ။

နောက်ဆုံးအရင်parisမှာတုန်းကလုပ်နေကျဆံပင်ပုံသာသွင်းလိုက်တော့သည်
နာရီကိုပြေးကြည့်တော့၄နာရီခွဲ

ဟိုကောင်ရောက်တော့မယ်ထင်..

"တီ!! တီ!!"

စကားမဆုံးလိုက် ကိုယ်တော်ကရောက်ပြီ

လက်ပတ်နာရီကိုကိုင်ရင်း ပိုက်ဆံအိတ်နှင့်ဖုန်းကိုအိတ်ကပ်ထဲထည့်ကာအောက်ထပ်‌ဆင်းပြေးသွားသောရှောင်းကျန့်ကိုရှောင်းမာမားတို့တွေ့ပြီးပြောမို့ရှိသေး

"မား ကျွန်တော်ကျိုးချန်နဲ့သွားပြီနော် အာဘွားယူ"

ခြေအိတ်စွပ်ပြီး ဖိနပ်စင်က ‌အနက်ရောင်shoesကိုလက်နဲ့မရင်းကျိုးချန်ကားထဲတန်းဝင်သည်

"4နာရီသွားမယ်ဆိုပဲ ဘယ်ကောင်ပြောခဲ့တာလဲမသိ"

"ကားသာသေချာကြည့်မောင်း ပြီးမှနားပူနားဆာလုပ်ပါချန်လေးရာ ဟုတ်ပြီလား"

You've reached the end of published parts.

⏰ Last updated: Mar 09 ⏰

Add this story to your Library to get notified about new parts!

One sided loveWhere stories live. Discover now